ဖိလစ်ပိုင်နိုင်ငံအရှေ့မြောက်ပိုင်းကမ်းရိုးတန်းတွင် အပူပိုင်းမုန်တိုင်းထရာမီဝင် ရောက်တိုက်ခတ်သောကြောင့် သေဆုံးသူ ၂၆ ဦးထက်မနည်းရှိလာခဲ့ပြီး လူ ၁၅၀၀၀၀ ကျော် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
မုန်တိုင်းထရာမီကြောင့် ဖိလစ်ပိုင်၏ အဓိကကျွန်းဖြစ်သူ လူဇွန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်ခဲ့့ပြီး ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်ခဲ့သည်။
လေတိုက်နှုန်းအမြင့်ဆုံးနှုန်းမှာ တစ်နာရီလျှင် ၉၅ ကီလိုမီတာရှိခြင်းနှင့်အတူ မုန်တိုင်းသည် အနောက်ဘက်သို့ ရွှေ့လျားခဲ့ပြီး တောင်ထူထပ်သောမြောက်ပိုင်းဒေသဖြစ်သည့် ကော်ဒယ်လီရာမှ တောင်တရုတ်ပင်လယ်သို့ ရွှေ့လျားခဲ့ကြောင်းပြည်နယ် မိုးလေဝသအေဂျင်စီက ထုတ်ပြန်ထားသည်။
မြောက်ပိုင်းပြည်နယ်အချို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုများ၊ ရေကြီးမှုများ၊ မြေပြိုမှုများနှင့် ပုံမှန်မဟုတ်သော ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုနှင့်ကြုံတွေ့နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က မုန်တိုင်းကြောင့် သေဆုံးမှုအများစုမှာ နာဂမြို့အပါအဝင် ဘီကိုလ်ဒေသတွင် ရေနစ်မှုနှင့်မြေပြိုမှုများကြောင့်ဖြစ်ပြီး အောက်တိုဘာ ၂၄ ရက်တွင် သေဆုံးသူ ၁၄ ဦးရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထရာမီသည် နိုင်ငံအရှေ့မြောက်ပိုင်းအစ္စဘယ်လာပြည်နယ် ဒီဗီလာကန်မြို့ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ မုန်တိုင်းကြောင့် မြို့အတွင်း သေဆုံးသူမရှိကြောင်း မြို့၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြီးအကဲ အီဇစ်ကီယယ်ချာဗက်ဇ်က ပြောပြခဲ့သည်။
မုန်တိုင်းဖြတ်သန်းမည့်လမ်းတစ်လျှောက် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုများအတွက် အစိုးရက စီးပွားရေးလုပ်ငန်းများနှင့် စာသင်ကျောင်းများကို ပိတ်ထားရန်အမိန့်ထုတ်ပြန်ခဲ့သည်။
လူပေါင်း ၁၆၃၀၀၀ ကျော်သည် ကယ်ဆယ်ရေးစင်တာများတွင် နေထိုင်နေကြရသည်ဟု အရပ်ဘက်ကာကွယ်ရေးရုံးက ထုတ်ပြန်ထားသည်။
၎င်းတို့ထဲမှ အများစုသည် ဘီကိုလ်ဒေသမှဖြစ်ကာ ရေများသည် ဘန်ဂလိုနေအိမ်များ၏ ခေါင်မိုးအထိ မြင့်တက်လာခဲ့ပြီးနောက် ဒေသခံများသည် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်းရှိဒါဇင်နှင့်ချီသော လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းခဲ့ရသည်ဟု မြို့ပြလေကြောင်းထိန်းသိမ်းရေးဌာနက အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နာဂမြို့နှင့် နာဘူအာမြို့တို့တွင် ကယ်ဆယ်ရေးသမားများသည် ခေါင်မိုးများပေါ်တွင် ပိတ်မိနေသည့် ဒေသခံများဆီရောက်ရှိနိုင်ရန်အတွက် လှေများကို အသုံးပြုခဲ့ကြသည်။
“ဒေသခံတွေက Facebook ပို့စ်တွေကနေတစ်ဆင့် အကူအညီတွေ တောင်းခံခဲ့ကြတာဖြစ်ပြီး ကျွန်တော်တို့က အဲဒီကနေပြီးသူတို့ရဲ့ဖြစ်စဉ်တွေကို သိရှိပြီး သွားကူညီကြတာပါ” ဟု ဘီကိုလ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူဝစ်ဆာကာလူဘာကတ်က ဆိုသည်။
ဖိလစ်ပိုင်တွင် ပုံမှန်အားဖြင့် နှစ်စဉ်ပျမ်းမျှ အပူပိုင်းမုန်တိုင်း ၂၀ ခန့်ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး မုန်တိုင်းများကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုများ၊ လေပြင်းတိုက်ခတ်မှုများနှင့် မြေပြိုမှုများ ဖြစ်ပေါ်လေ့ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
