ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင် တောင်ပံကစားသမား ဟာဇက်က မိမိတို့အသင်းသည် ၂၀၁၈ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် တတိယရရှိစဉ်ကထက် ပိုမို တောင့်တင်းလာသည်ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်၌ ဖီဖာ၏ ကမ္ဘာ့အဆင့်နံပါတ်(၁)နေရာတွင် ရပ်တည်နေသော ဘယ်လ်ဂျီယံအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သမိုင်းတစ်လျှောက် အမြင့်ဆုံး အောင်မြင်မှုအဖြစ် တတိယနေရာ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ယူရို-၂၀၂၀ ခြေစစ်ပွဲတွင်လည်း ပထမဆုံးခြေစစ်ပွဲအောင်သည့်အသင်းဖြစ်အောင် ရာနှုန်းပြည့်နိုင်ပွဲရယူကာ စွမ်းဆောင်နိုင်ခဲ့သည်။
ထို့ကြောင့် ဟာဇက်က အသင်း၏အခြေအနေမှာ ပိုမိုတိုးတက်လာသည်ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။
ဟာဇက်က ''ကျွန်တော်တို့ အတွေ့အကြုံပိုင်းမှာ (၂)နှစ်ကျော်စာ ပိုရလာခဲ့သလို၊ နည်းပြနဲ့လည်း (၂)နှစ်ကျော်စာ ပိုပြီးလက်တွဲခွင့်ရခဲ့ပါပြီ။ ကျွန်တော်တို့ တစ်ယောက်အ ကြောင်းတစ်ယောက် ပိုသိလာတဲ့အပြင် လူငယ်ကစားသမားတွေလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပိုပြီးတောင့်တင်းလာတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်လိုစိတ်တွေကလည်း မြင့်တက်လာပါတယ်''ဟု ပြောကြားခဲ့သည်။
ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှု ပြုလုပ်ရခြင်းမရှိသေးသော်လည်း ဗိုလ်စွဲရန် အလေးပေးမှုများထွက်ပေါ်နေပြီဖြစ်ရာ ဘယ်လ်ဂျီယံအသင်းသည် ပြင်သစ်နှင့် အင်္ဂလန်တို့၏နောက် တတိယရေပန်းအစားဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
