ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဘေးတွဲ ဆိုင်ကယ်အား ယာဉ်တစ်စီးမှ တိုက်မိမောင်းနှင်ထွက်ပြေးသွားသောကြောင့် ဘေးတွဲဆိုင်ကယ် ယာဉ်မောင်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း အနီးနားဝန်းကျင်ရှိ မြို့ခံတို့ထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာ (၂၃)ရက်၊ ည (၁၀)နာရီခွဲအချိန်က မြောက်ဒဂုံ ပြည်ထောင်စုလမ်းမကြီးပေါ် နန်းတော်ဦး တည်းခိုခန်း အနီးတွင် ဘေးတွဲဆိုင်ကယ်အား ယာဉ်တစ်စီးမှ တိုက်မိမောင်းပြေးရာ အမျိုးသား တစ်ဦး ဒဏ်ရာများရရှိထားသောကြောင့် လာရောက်ကူညီပေးရန် တာဝန်သိပြည်သူတစ်ယောက်မှ ဖုန်းဆက် သတင်းပေးချက်အရ ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ သွားရောက်ခဲ့ကြောင်း သိရသည်။
“ဘေးတွဲဆိုင်ကယ်ကို ကားက ဝင်တိုက်ပြီး မောင်းပြေးတာ။ ကားနံပါတ်နဲ့ အမျိုးအစားလည်း မသိလိုက်ဘူး။ ညဘက် လမ်းရှင်းနေပြီး တအားမောင်းတော့ ယာဉ်မတော်တဆဖြစ်တာပေါ့။ မှောင်ကလည်း မှောင်နေတော့လေ ကားကို မမှတ်မိလိုက်ဘူး။ လူမှုကူညီရေးအသင်းရောက်လာပြီး ဆေးရုံကို ပို့ပေးလိုက်တယ်”ဟု အနီးနားဝန်းကျင်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဘေးတွဲဆိုင်ကယ်မှာလည်း ထိခိုက်ပျက်စီးခဲ့ရပြီး ဘေးတွဲယာဉ်မောင်း အမျိုးသားအား မြေပြင်လိုအပ်သည့် ဆေးကုသမှုများပြုလုပ်ပေးပြီး ဆေးကုသရန် လိုအပ်သည့်အတွက် မြောက်ဥက္ကလာဆေးရုံသို့ ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်း လူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
