ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာဦးဆောင်သော အဝါမီလိဂ်ပါတီ၏ ကျောင်းသားအဖွဲ့အစည်းဖြစ်သည့် Bangladesh Chhatra League(BCL) ကို ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရက ဗုဒ္ဓဟူးနေ့တွင် ပိတ်ပင်လိုက်ကြောင်း သိရသည်။ ကျောင်းသားအဖွဲ့အစည်းကို ပိတ်ပင်ပေးရန် တောင်းဆိုသော ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှု၏ တောင်းဆိုချက်အရ ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
ကျောင်းသားအဖွဲ့အစည်းသည် အဝါမီလိဂ်အစိုးရလက်ထက် ၁၅ နှစ်တာကာလအတွင်း လူသ-တ်မှု၊ မုဒိမ်းမှု၊ ညှင်းပန်းနှိပ်စက်မှု၊ နှောင့်ယှက်မှု၊ စိုးမိုးခြယ်လှယ်မှု အပါအဝင် အများပြည်သူလုံခြုံရေးကို အနှောင့်အယှက်ဖြစ်စေသော လုပ်ရပ်အမျိုးမျိုးတွင် ပါဝင်ခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့လုံခြုံရေးဌာန အကြီးတန်းအတွင်းဝန် အမ်ဒီ အဗ္ဗဒယ် မိုမန် လက်မှတ်ရေးထိုးထားသော အကြောင်းကြားစာတွင် ဖော်ပြခဲ့သည်။
ထို့အပြင် အဝါမီလိဂ်အစိုးရ ပြုတ်ကျသွားသည့်တိုင် ကျောင်းသားအဖွဲ့အစည်းသည် နိုင်ငံတော်ဆန့်ကျင်သော အဖျက်သဘော ရန်စသည့် လှုပ်ရှားမှုများတွင် ဆက်လက်ပူးပေါင်းပါဝင်ခဲ့သည့် လုံလောက်သော အထောက်အထားများရှိခဲ့သည်ဟုလည်း အကြောင်းကြားစာတွင် ပြောဆိုထားသည်။
ဟာစီနာသည် ၎င်း၏ အစိုးရကို ဆန့်ကျင်သော ပြင်းထန်သည့် ဆန္ဒပြမှုများနှင့် ရင်ဆိုင်ရခဲ့မှုကြောင့် သြဂုတ် ၅ ရက်တွင် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ ဇူလိုင်လလယ်တွင် စတင်ခဲ့သော ယင်း ဆန္ဒပြမှုများအတွင်း လူရာနှင့်ချီ၍ သေဆုံးခဲ့သည်။
Ref: ဟင်ဒူစတန်တိုင်းမ်စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
