တိုကျို၊အောက်တိုဘာ ၂၄
ဂျပန်နှင့်အမေရိကတို့သည် အရေးပေါ်အခြေအနေနှင့်ကြုံလာပါက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရာ၌ လျင်မြန်ထိရောက်စေရန်အတွက် ထိုင်ဝမ်အနီး ဂျပန်တောင်ပိုင်းရှိကျွန်းဆွယ်များမှ ပြည်သူများကို အရေးပေါ်ရွှေ့ပြောင်းရေးအတွက်လေ့ကျင့်ခဲ့ကြကြောင်းသိရသည်။
Keen Sword အမည်ရှိ အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ဂျပန်ကာကွယ်ရေးတပ်နှင့်အမေရိကဘက်မှ နှစ်နိုင်ငံစစ်သည်အင်အား ၄၅,၀၀၀ ပါဝင်ပြီး နှစ်နိုင်ငံမှသင်္ဘောအစီးရေ ၄၀ နှင့်လေယာဉ် ၃၇၀ စင်း တို့ဖြင့် ပူးပေါင်းလေ့ကျင့်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဗုဒ္ဓဟူးနေ့ကစတင်ခဲ့သည့် အဆိုပါစစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာလ ၁ ရက်နေ့အထိပြုလုပ်မည်ဖြစ်ပြီး ကြည်း၊ရေ၊လေတိုက်ခိုက်ရေးလေ့ကျင့်မှုများလည်း ပါဝင်မည်ဖြစ်ပြီး ပင်လယ်ရေကြောင်းလုံခြုံရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးများကိုပါ ထည့်သွင်းလေ့ကျင့်မည်ဟုသိရသည်။ ထို့အပြင် ကနေဒါနှင့်ဩစတြေးလျတို့ကလည်း တစ်စိတ်တစ်ပိုင်းပါဝင်လေ့ကျင့်သွားဦးမည်ဟုလည်းဆိုသည်။
၁၉၈၆ ခုနှစ်ကတည်းကပြုလုပ်ခဲ့သည့် Keen Sword လေ့ကျင့်မှု၏ ယခုနှစ်အတွက် လေ့ကျင့်ရေးပုံစံ၌ ထိုင်ဝမ်အနီးတစ်ဝိုက်ရှိကျွန်းများ၌ အမှန်တကယ်အရေးပေါ်အခြေအနေကြုံလာပါက ဒေသခံများကို ကယ်ထုတ်နိုင်ရန်နှင့် ဒဏ်ရာရတပ်ဖွဲ့ဝင်များကို ကယ်တင်နိုင်ရန်အတွက် ကြိုတင်လေ့ကျင့်မှုများကိုထည့်သွင်းခဲ့သည်ဟုသိရသည်။
ယခုပြုလုပ်သည့်စစ်ရေးလေ့ကျင့်မှုကို ဖြစ်လာနိုင်ခြေအတွက်ကြိုတင်ပြင်ဆင်သည်ဟု အမည်တပ်ထားသော်လည်း လိုအပ်ပါက ထိုင်ဝမ်အရေးပေါ်အခြေအနေတွင်လည်း အသုံးပြုနိုင်ကြောင်း ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်၏ အကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။
အမေရိကန်စစ်တပ်၏လေ့လာသုံးသပ်ချက်အရ တရုတ်သည်ထိုင်ဝမ်ကို လာမည့်နှစ်အနည်းငယ်အတွင်း အင်အားသုံးပြီး ပြည်မနှင့်ပြန်လည်ပေါင်းစည်းရေး ကိုလုပ်ဆောင်လာနိုင်ကြောင်း ခန့်မှန်းထားသည်ဟုသိရသည်။
Source : နစ်ကေးအေးရှား
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
