တရုတ်အာကာသကုမ္ပဏီ တစ်ခုဖြစ်သော Deep Blue Aerospace က ၂၀၂၇ ခုနှစ်တွင် အာကာသသို့ ခရီးသည်များ ပို့ဆောင်ပေးမည့် ဒုံးပျံခရီးစဉ်အတွက် ခုံနှစ်နေရာစာအတွက် ပထမဆုံး လက်မှတ်နှစ်စောင်ကို ယွမ် ၁၅ သန်း(စင်ကာပူဒေါ်လာ ၂၇၈,၀၀၀) ဖြင့် ရောင်းချပေးသွားမည်ဟု အောက်တိုဘာ ၂၃ ရက်တွင် ကြေညာခဲ့သည်။
Deep Blue Aerospace သည် လက်မှတ်များကို အောက်တိုဘာ ၂၄ ရက်တွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး နောက်လတွင် လက်မှတ်များကိုပိုမိုရောင်းချပေးနိုင်ရန် စီစဉ်ထားသည်ဟုသိရသည်။ ခရီးသည်များသည် အာကာသသို့ ရောက်ရှိမည်ဖြစ်သော်လည်း ကမ္ဘာပတ်လမ်းအတွင်း ဝင်ရောက်မည်မဟုတ်သည့် အာကာသယာဉ်တစ်စီးဖြင့် ၎င်းတို့ကို ခွဲထုတ် ခေါ်ဆောင်သွားမည်ဖြစ်သည်။
စီးပွားဖြစ် အာကာသခရီးသည်ပို့ဆောင်ရေးလုပ်ငန်းသည် Blue Origin နှင့် SpaceX ကဲ့သို့ အမေရိကန် ကုမ္ပဏီများက ရှေ့တွင်ဦးဆောင်ထားခဲ့ပြီဖြစ်၍ အခြေကျသောအဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။
ပြန်လည်သုံးပြုနိုင်သော ဒုံးပျံများသည် အာကာသခရီးသွားလုပ်ငန်း၏ ကြီးမားသော စီးပွားဖြစ်လုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေသည့် လွှတ်တင်မှု ကုန်ကျစရိတ်ကို လျှော့ချရာတွင် အရေးကြီးသည်ဟု Deep Blue Aerospace က ပြောဆိုသည်။ ကုမ္ပဏီအနေဖြင့် ၂၀၂၅ ခုနှစ် ပထမ လေးလပတ်အတွင်း ဒုံးပျံကို ပတ်လမ်းအတွင်းမှ ပြန်လည်ရယူနိုင်ရန် စီမံကိန်းချဆောင်ရွက်နေသည်ဟုလည်း ပြောဆိုခဲ့သည်။
အခြား တရုတ်ကုမ္ပဏီများသည်လည်း အာကာသခရီးသွားလုပ်ငန်းကဏ္ဍသို့ ဝင်ရောက်ရန် အစီအစဉ်ရှိကြောင်း ကြေညာထားခဲ့ကြသည်။ အစိုးရကျောထေက်နောက်ခံပြု CAS Space က ၂၀၂၈ ခုနှစ်တွင် အာကာသခရီးသွားလုပ်ငန်း ဒုံးပျံများ လွှတ်တင်မည်ဖြစ်ကြောင်း မေလတွင် ပြောဆိုခဲ့သည်။
Ref: အေးရှားဝမ်း
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
