ရွှေထည်ပစ္စည်း (၅)ပိဿာပါ သေတ္တာ (၃)လုံးကို ေ-သနတ်ပစ်ခတ်လုယက်သူများကို ရက်ပိုင်းအတွင်းဖမ်းမိခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်မှတဆင့် သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၂၁)ရက် ၊ ညနေ (၆)ခွဲ နာရီအချိန် မြရွှေယုန်ရွှေဆိုင်မှ အိမ်ပြန်သယ်လာသည့် သေတ္တာ (၃) လုံးဖြင့် ထည့်ထားသည့် ရွှေထည်ငါးပိဿာကို လှိုင်မြို့နယ် ၊ (၄)ရပ်ကွက်၊ အေးရိပ်မွန်လမ်းမကြီး၊ ခြံအမှတ်(၂)ရှေ့တွင် ေ-သနတ်ဖြင့် ပ-စ်ခတ်လုယက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်သည့် တရားခံများအား ယမန်နေ့ အောက်တိုဘာလ(၂၃)ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းက ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်းအတွင်း ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် မိမိရွှေဆိုင်များတွင် CCTV တပ်ဆင်ထားသည့်အတိုင်း မိမိတို့ နေထိုင်ရာ အိမ်နေရာပတ်ဝန်းကျင်နှင့်ကားပါကင်နေရာများတွင် CCTV Camera များတပ်ဆင်ခြင်း၊ အရေးပေါ် Alarm Bell များတပ်ဆင်ခြင်း ၊ မိမိတို့ရွှေ၊ငွေသယ်ဆောင်သည့် ကားများတွင် Camera များတပ်ဆင်ခြင်း၊ GPS စနစ်များထားရှိခြင်းတို့ကို ကြိုတင်ပြင်ဆင်ထားပြီး ဒုစရိုက်လုယက်မှုများမဖြစ်ပေါ်အောင် ကာကွယ်နိုင်ရန် ရန်ကုန်ရွှေအသင်းက အသိပေးထုတ်ပြန်ထားသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
