ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် ဆက်သွယ်ဆောင်ရွက်မှု ပိုမိုကောင်းမွန်လာရေးအတွက် အောက်တိုဘာ (၂၁)ရက်မှ (၂၅) ရက်အထိ (၅)ရက်ကြာ ပြုလုပ်နေသည့် ဖီဖာအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်နှင့် နည်းစနစ်ဒါရိုက်တာ မိတမီချီတဲရိုတို့တက်ရောက်နေကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို လတ်ဗီးယားနိုင်ငံတွင် ပြုလုပ်နေခြင်းဖြစ်ကာ ဖီဖာနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာရေးအပါအဝင် နည်းစနစ်ဒါရိုက်တာ အသစ်များ၏ လုပ်ငန်းတာဝန်များ ၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုများ ကောင်းမွန်လာစေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း MFF က ယနေ့ အသိပေးထားသည်။
ဆွေးနွေးပွဲသို့ ဆွီဒင်၊ ချီလီ၊ ကနေဒါ၊ အီကွေတိုရီယယ် ဂူနီယာနှင့် မြန်မာနိုင်ငံမှအထွေထွေအတွင်းရေးမှူးအသစ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး ဘောလုံးအသင်းများအနေဖြင့် ဖီဖာ (FIFA)က ဦးဆောင်ကျင်းပသည့် ပြိုင်ပွဲများ ၊ ကမ္ဘာ့ဖလားဝင်ရောက်ခွင့် ခြေစစ်ပွဲများနှင့် အခြား ခြေစမ်းပွဲများကို သက်တမ်းအလိုက်ဝင်ရောက်ယှဉ်ပြိုင်ကစားလျှက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
