ဆင်မကြီး မိုမို၏ (၇၁)နှစ်ပြည့် မွေးနေ့ပွဲကို နိုဝင်ဘာ (၁) ရက်မှ (၃)ရက်အထိ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မွေးနေ့ပွဲကို ပြည်သူချစ် အနုပညာရှင်ပေါင်းများစွာနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပြီး ဆင်မကြီးမိုမိုအတွက် မွေးနေ့အလှူ အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း ၊ Birthday Cake ခွဲခြင်း ၊Mo Mo Photo Exhibition၊Keeper Talk၊Music & Dance Performance၊ Magic Show၊ Photo Booth အစီအစဉ်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
လွိုင်ကော်ဒေသတောနက်ကြီးထဲတွင် ဆင်မိသားစုနှင့်ကွဲကွာနေသော အသက်(၇)နှစ်အရွယ် ဆင်မလေးတစ်ကောင်ကို သစ်ခုတ်သမား ဦးခွန်ဆန္ဒမှ တွေ့ရှိဖမ်းယူခဲ့ပြီး ဇနီးဖြစ်သူ နော်မိုမိုအား ဂုဏ်ပြု၍ မိုမိုဟု အမည်ပေးခဲ့ကာ ၁၉၆၁ ခုနှစ် ဇွန်လ(၆)ရက်တွင် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ပို့ဆောင်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ဆင်မကြီး မိုမို၏သည် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်သို့ လာရောက်လည်ပတ် ကြည့်ရှုလေ့လာသူများအား နှစ်ပေါင်း (၅၀) ကျော်ကြာ ဖျော်ဖြေပေးခဲ့ပြီး ၎င်း၏ အမည်အားခေါ်လိုက်လျှင် ပြန်လည်ထူးတတ်ပြီး လူများကို ချစ်ခင်လာစေရန် ကပြတတ်ကာ မမပုသိမ်သူလမ်းလျှောက်သော ပုံစံဖြင့် ကပြသည့်အကွက်တို့မှာ လူကြိုက်များကြောင်း သိရသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် အနားယူခဲ့ကာ မိုမို၏ အသက် (၆၀)ပြည့် မွေးနေ့မှစ၍ နှစ်စဉ်အောက်တိုဘာလတွင် မွေးနေ့ပွဲကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ကျင်းပလေ့ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
