Top News

လက်ရွေးစင် တိုက်စစ်မှူး အောင်သူ ထိုင်းအသင်းသို့ပြန်လာပြီ
24htopnews | October 24, 2024 9:12 PM CST

ဒူးဒဏ်ရာခွဲစိတ်မှု အောင်မြင်ခဲ့ပြီး‌နောက် အနားယူနေရသည့် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးအောင်သူအနေဖြင့် ၎င်း ၏ အသင်းဖြစ်သည့် အူထိုင်းဌာနီအသင်းနှင့် လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

၎င်းအနေဖြင့် စက်တင်ဘာလအတွင်းက ခွဲစိတ်ကုသမှုခံယူခဲ့ပြီး ရက်သတ္တပတ် (၃)ပတ်မှ (၆)ပတ်အထိ အနားယူနေရာမှ ယမန်နေ့တွင် အသင်းသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ် သည်။

အောင်သူသည် ဒူးဒဏ်ရာကာလရှည်ခံစားနေရခြင်းဖြစ်ပြီး ယခင် လမ်ဖွန်ဝါရီယာအသင်း၌ ကစားနေစဉ်ကပင် ခွဲစိတ်ကုသရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မခွဲစိတ်ဖြစ်ဘဲ ယခုမှသာ ခွဲစိတ်ကုသမှုခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒူးဒဏ်ရာခွဲစိတ်ခံနေရသည့်အတွက် လက်ရှိကစားနေသည့် အူထိုင်းဌာနီအသင်းနှင့်  မြန်မာ့လက်ရွေးစင်အသင်း၏ ပွဲစဉ်များအတွင်း ဝင်ရောက်ကစားနိုင်ခြင်း မရှိခဲ့ခြင်းဖြစ်သည်။

အူထိုင်းဌာနီအသင်းသည် နည်းပြသစ်ဖြစ်သူ ဆာဘီးယားနည်းပြ မီလိုဂျော့ဆစ် ပြောင်းလာပြီးနောက် ထိုင်းလိဂ် အမှတ်ပေးဇယား အဆင့်(၆)နေရာတွင် ရပ်တည်နေသည့် အသင်းတစ်သင်းဖြစ်သည်။


READ NEXT
Cancel OK