ဘူမိဥယျဉ်နယ်မြေတစ်ခုဖြစ်သော လူသူမနေသည့် ဝေးလံသီခေါင်သော ကျွန်းတစ်ခုပေါ်တွင် ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းများကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့သည်ဟု ဟောင်ကောင်မြို့တော်မှ တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
အဆိုပါရုပ်ကြွင်းများသည် လွန်ခဲ့သော နှစ်ပေါင်း ၁၄၅ သန်းမှ ၆၆ သန်းခန့်ကရှိခဲ့သော ခရီတာဆီးယပ်စ်(Cretaceous) သက်တမ်းမှ ကြီးမားသော ဒိုင်နိုဆောတစ်ကောင်၏ အစိတ်အပိုင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ကနဦး အနေဖြင့် အတည်ပြုထားကြောင်း ထုတ်ပြန်ချက်တွင် အစိုးရက ပြောကြားခဲ့သည်။ ၎င်းတို့အနေဖြင့် ဒိုင်နိုဆော၏ မျိုးစိတ်ကို အတည်ပြုနိုင်ရန် ထပ်မံလေ့လာဆန်းစစ်မှုများကို လုပ်ဆောင်ရန် လိုအပ်မည်ဟု ဆိုသည်။
ဒိုင်နိုဆော ေ-သဆုံးခဲ့ပြီးနောက် သဲနှင့် ကျောက်စရစ်ခဲများက ဖုံးအုပ်သွားခဲ့ဖွယ်ရှိကာ နောက်ပိုင်း၌ ကြီးမားသည့် ရေလွှမ်းမိုးမှုဖြစ်စဉ်တွင် ပြန်ပေါ်ထွက်လာကာမျောနေခဲ့ပြီး နောက်ဆုံးတွင် လက်ရှိတွေ့ရှိခဲ့သောနေရာ၌ မြေအောက် သို့ တဖန်ပြန်ရောက်သွားခဲ့ပုံရသည်ဟု ကျွမ်းကျင်သူများက ယူဆခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖေါ် ပြထားသည်။
ကျောရိုးရှိကျောက်ဖြစ် ရုပ်ကြွင်းများဟု သံသယဖြစ်ဖွယ်များပါဝင်သည့် အနည်ကျကျောက်တုံးကို တွေ့ရှိထားသည်ဟု ထိန်းသိမ်းစောင့်ရှောက်ရေးဌာနက ၎င်း၏ ရှေးဟောင်းပစ္စည်းနှင့် အထိမ်းအမှတ်ရုံးသို့ မတ်လတွင် အကြောင်းကြားခဲ့ကြောင်း အစိုးရက ပြောဆိုသည်။ အဆိုပါ ကျောက်တုံးကို မြို့၏ အရှေ့မြောက်ဘက်ရေပြင်ရှိ ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာလုံးဆိုင်ရာ ဘူမိဥယျာဉ်နယ်မြေ၏ Port ကျွန်းတွင် တွေ့ရှိခဲ့ခြင်းဟု ဆိုသည်။
ယင်းနယ်မြေတွင် ကွင်းဆင်း စစ်ဆေးမှုများလုပ်ဆောင်ရန် တရုတ်ပြည်မကြီးမှ ကျွမ်းကျင်ပညာရှင်များကို ခန့်အပ်ခဲ့သည်ဟုလည်း အစိုးရက ပြောဆိုခဲ့သည်။
နောင်တွင် စစ်ဆေးလေ့လာမှုများနှင့် တူးဖော်မှုများ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ရန် အလို့ငှာ Port ကျွန်းကို ဗုဒ္ဓဟူးနေ့မှစကာ နောက်ထပ် ကြေညာချက်မထုတ်မခြင်း အများပြည်သူ ဝင်ရောက်ခွင့် ပိတ်ပင်ထားသည်ဟု သိရသည်။
Ref: အေပီ




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
