ဘာစီလိုနာအသင်းသည် အသင်းတောင်ပံကစားသမား ရာဖင်ညာအား ယူရိုသန်း (၁၀၀) ရပါက ရောင်းထုတ်မည်ဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြနေသည်။
ဘာစီလိုနာအသင်းသည် ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာ(၂၇ နှစ်)အား ၂၀၂၂ နွေရာသီတွင် လိဒ်စ်အသင်းထံမှ ယူရို (၅၈)သန်းဖြင့် ခေါ်ယူခဲ့သည်။
ရာဖင်ညာသည် ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလများကလည်း ဘာစီလိုနာအသင်း ရောင်းထုတ်မည့်ကစားသမားစာရင်းတွင် အမြဲတမ်းလိုလို ပါဝင်ခဲ့သူ ဖြစ်သည်။
ရာဖင်ညာသည် ယခုရာသီ လာလီဂါ (၁၀) ပွဲတွင် (၅)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၇) ကြိမ်အထိ ပြုလုပ်ထားသော်လည်း ဘာစီလိုနာအသင်းက ၎င်းကို ထိုက်တန်သည့် ပြောင်းရွှေ့ကြေးရပါက ရောင်းထုတ်လိုနေခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် လာမည့် ၂၀၂၅ နွေရာသီတွင် မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို ခေါ်ယူရန်စိတ်ဝင်စားနေရာ အသင်းရှိကစားသမားအချို့ကို ရောင်းထုတ်ဖွယ်ရှိပြီး ရာဖင်ညာအတွက် ယူရိုသန်း (၁၀၀)ဖြင့်ကမ်းလှမ်းပါက လက်ခံဖွယ်ရှိကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
