နာမည်ကျော် ၀ါရင့်နည်းပြဟောင်း ကာပယ်လိုက ယခုတစ်ပတ်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်များတွင် ဂျူဗင်တပ်စ်နှင့် ဘိုလော့ဂ်နာအသင်းတို့ ရှုံးနိမ့်ပြီးနောက် စီးရီးအေကလပ်များမှာ ကစားရာတွင် နှေးကွေးလွန်းကြောင်း ဝေဖန်ပြောကြားခဲ့သည်။
အောက်တိုဘာ (၂၂) ရက်(အင်္ဂါနေ့)က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်များတွင် စီးရီးအေကလပ်အသင်း (၃) သင်း ယှဉ်ပြိုင်ကစားခဲ့ရာ အေစီမီလန်အသင်းတစ်သင်းသာ အနိုင်ရပြီး ဂျူဗင်တပ်စ် နှင့် ဘိုလော့ဂ်နာတို့မှာ ပြိုင်ဘက်များကို ရှုံးနိမ့်ခဲ့ရသည်။
ဘိုလော့ဂ်နာအသင်းသည် ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာကို အဝေးကွင်းတွင် (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းမှာ အိမ်ကွင်းတွင် ဂျာမန်ကလပ် စတုဂတ်အသင်း (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
Sky Sports Italia တွင် အဆိုပါပွဲစဉ်များကို ဝေဖန်သုံးသပ်ခဲ့သည့် ကာပယ်လိုက ''ပြင်းအားက အဓိကပါပဲ။ အီတလီဘောလုံးအသင်းတွေက နှေးကွေးလွန်းပါတယ်။ အများကြီး ပြေးလွှားကစားပြီး Press လိုက်လုပ်တဲ့ အသင်းတွေနဲ့တွေ့ရင် အီတလီအသင်းတွေ ဒုက္ခရောက်တော့တာပါပဲ။ ဘောလုံးပိုင်ဆိုင်မှုနဲ့ အမြင့်ဘောတွေက အသုံးမဝင်ပါဘူး။ အီတလီကလပ်တွေအနေနဲ့ အခုထက်ပိုပြီး တစ်ခုခုလုပ်ပြဖို့ လိုပါတယ်''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
