လီဗာပူးလ်နှင့်ပွဲ၌ အကောင်းဆုံးပုံစံကိုမြင်ရမည်ဟု အာတီတာဆို
24htopnews | October 24, 2024 11:12 PM CST
အာဆင်နယ်နည်းပြ အာတီတာက လီဗာပူးလ်နှင့်ပွဲတွင် ၎င်းတို့အသင်း၏ အကောင်းဆုံးပုံစံကို မြင်ရမည်ဟု ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်ပွဲစဉ် (၈) အပြီးတွင် အာဆင်နယ်အသင်းသည် ရမှတ် (၁၇)မှတ်ဖြင့် အဆင့် (၃)၌ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်း(၂၁ မှတ်)နှင့် (၄) မှတ်ကွာဟနေသည်။
အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၉)အဖြစ် လီဗာပူးလ်အသင်းကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်သည်။
အာတီတာက ''နိုင်ငံတကာပွဲအပြီးမှာ ကစားသမားတွေ ပင်ပန်းနေလို့ ဘုန်းမောက်နဲ့ပွဲမှာ ပေးဆပ်မှုကြီးမားခဲ့တာပါ။ အခုနားရက် (၄)ရက်ရထားပြီး တနင်္ဂနွေနေ့ပွဲမှာ ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံကို မြင်ရမှာပါ''ဟု ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
