စိန့်ဂယ်လန် နှင့် ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)
ဖီအိုရင်တီးနားအသင်းက အခုရာသီ အတ္တလန်တာကိုပဲ ကပ်အရေးနိမ့်ထားတယ်။ အဝေးကွင်းပေမဲ့ ဖီအိုရင်တီးနားကို ကြိုက်တယ်။
ပါနာသီနေကော့စ် နှင့် ချယ်လ်ဆီး (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)
ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ်ပွဲကျပ်တွေကြားမှာ ကွန်းဖရန့်လိဂ်ပွဲကို ကစားရမှာပါ။ လီဗာပူးလ်ကို အရေးနိမ့်ပြီး ပြိုင်ပွဲစုံ(၇)ပွဲဆက်တိုက် ရှုံးပွဲမရှိမှုလည်း ရပ်တန့်သွားခဲ့တယ်။ အခုပွဲမှာတော့ ချယ်လ်ဆီးနည်းပြ မာရက်စကာက တစ်သင်းလုံး အပြောင်းအလဲလုပ်ပြီး ပထမပွဲက လူစာရင်းနဲ့ ပွဲထွက်လာဖို့ရှိတယ်။ ဂရိကလပ် ပါနာသီနေကော့စ်အသင်းမှာ နိုင်ငံစုံက ကစားသမားအများအပြား ကစားနေပေမဲ့ မန်ယူအသင်းက ပြောင်းလာတဲ့ ပယ်လစ်ထရီလောက်ပဲ လူသိများပါတယ်။ အဝေးကွင်းဖြစ်ပေမဲ့ ချယ်လ်ဆီးအသင်း အနိုင်ကစားဖို့များတယ်။
ပါဖိုးစ် နှင့် ဟိုင်းဟိုင် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
အခုပြိုင်ပွဲမှာ ပါဖိုးစ်အသင်းက လျှော့တွက်လို့မရတဲ့စာရင်းထဲ ထည့်ထားလို့ရတယ်။ အိမ်ကွင်းလည်းဖြစ်လို့ ပါဖိုးစ် အမှတ်ရနိုင်တယ်။
ဘက်တစ် နှင့် FC ကိုပင်ဟေဂင် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
နှစ်သင်းစလုံး အဖွင့်ပွဲတွေမှာ ရှုံးပွဲကိုယ်စီတွေ့ထားခဲ့ကြတယ်။ FC ကိုပင်ဟေဂင်အသင်းက ဥရောပပြိုင်ပွဲတွေမှာ နှစ်စဉ်ယှဉ်ပြိုင်နေတဲ့အသင်း ဖြစ်ပေမဲ့ ကစားသမားပိုင်းမှာတော့ ဘက်တစ်အသင်းက အပြတ်အသတ်သာပါတယ်။ ဘက်တစ်အသင်း အခုပြိုင်ပွဲအပေါ် ဘယ်လောက်အထိ အာရုံစိုက်မလဲ ဆိုတာကပဲ အဆုံးအဖြတ်ပေးလိမ့်မယ်။ ဘက်တစ်အသင်းကိုပဲ ရွေးချယ်ချင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
