ရီးယဲလ်မက်ဒရစ်ဂိုးသမား ကော်တိုအာက ဒေါ့မွန်အသင်းအား (၀-၂) ဂိုးဖြင့် ရှုံးနိမ့်နေရာမှ (၅-၂)ဂိုးဖြင့် ပြန်လည်အနိုင်ရခဲ့သော်လည်း ပွဲတိုင်း ယင်းကဲ့သို့စွမ်းဆောင်နိုင်မည်မဟုတ်ကြောင်း အသင်းဖော်များကို သတိပေးပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် အောက်တိုဘာ (၂၂) ရက်(အင်္ဂါနေ့)က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဒေါ့မွန်အသင်းအား အိမ်ကွင်း၌ ပထမပိုင်းအပြီးတွင် (၀-၂) ဂိုးဖြင့် ရှုံးနိမ့်နေခဲ့သည်။
သို့သော် ရီးယဲလ်မက်ဒရစ်အသင်းသည် ဒုတိယပိုင်းတွင် ခြေစွမ်းပြကာ ဗင်နီစီယပ်စ်၏ ဟက်ထရစ် (၃ ဂိုး)အပါအဝင် ရူဒီဂါ၊ ဗက်ဇ်ကေးတို့၏ သွင်းဂိုးများကြောင့် (၅-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် အဆိုပါပွဲစဉ်တွင် ပထမပိုင်း၌ ကစားပုံညံ့ဖျင်းခဲ့ပြီး ဒေါ့မွန်အသင်းအနေဖြင့် (၂) ဂိုးထက် ပိုရနိုုင်သည့်အခွင့်အရေးများ ရှိခဲ့သော်လည်း ဂိုးသမား ကော်တိုအာ လက်စွမ်းပြကာကွယ်ခဲ့သည်။
ရီးယဲလ်ဂိုးသမား ကော်တိုအာသည် အဆိုပါပွဲစဉ်တွင် ဂိုးများပေးရပြီးနောက် အသင်းဖော်များကို အော်ဟစ်မှုများ ပြုလုပ်ခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
ပွဲအပြီးတွင် အဆိုပါအပြုအမူနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာ ကော်တိုအာက ပွဲတိုင်း ယခုကဲ့သို့ စွမ်းဆောင်နိုင်မည်မဟုတ်ကြောင်း အသင်းဖော်များကို သတိပေးခဲ့ခြင်းဖြစ်သည်။
ကော်တိုအာက ''အသင်းဖော်တွေအနေနဲ့ ဂိုးဧရိယာနားမှာ အေးအေးဆေးဆေးကစားနေကြလို့ ကျွန်တော် ဒေါသထွက်ခဲ့တာပါ။ အဝေးကန်ချက်ကောင်းတဲ့ ဘရန့်လို ကစားသမားမျိုးကို သူတို့လွတ်ပေးထားပြီး ဘရန့်လည်း ကန်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ကောင်းမွန်တဲ့ ကာကွယ်မှု လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအလုံးက ဂိုးဝင်သွားမယ်ဆိုရင် ပထမပိုင်းမှာတင် (၀-၃) ဖြစ်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ အဲဒီအနေအထားမှာ နိုးထပြီး ပြန်လည်တုံ့ပြန်နိုင်ဖို့ လိုပါတယ်။ ဒုတိယပိုင်းမှာ အနိုင်ရအောင်စွမ်းဆောင်နိုင်ပေမဲ့ ပွဲတိုင်း အဲဒီလိုမဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ စနေနေ့ ကစားမယ့် ဘာစီလိုနာနဲ့ပွဲမှာ အခုပွဲ ဒုတိယပိုင်းကစားသလို ကစားနိုင်ဖို့လိုပါတယ်''ဟု ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် အောက်တိုဘာ (၂၇) ရက်တွင် လာလီဂါပွဲစဉ် (၁၁) အဖြစ် ဘာစီလိုနာအသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။
ဘာစီလိုနာအသင်းသည် လက်ရှိတွင် လာလီဂါအမှတ်ပေးဇယားကို ရမှတ် (၂၇)မှတ်ဖြင့် ဦးဆောင်နေပြီး ရီးယဲလ်(၂၄ မှတ်)ကို (၃)မှတ်ဖြတ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
