တိုက်စစ်မှူး ဒူရန်နှင့် ပြဿနာမရှိကြောင်း အက်စတွန်ဗီလာနည်းပြ အမ်မရီ ရှင်းလင်း
24htopnews | October 24, 2024 11:12 PM CST
အက်စတွန်ဗီလာနည်းပြ အမ်မရီက ဘိုလော့ဂ်နာနှင့်ပွဲတွင် လူစားလဲခံရသဖြင့် ဒေါသပေါက်ကွဲခဲ့သည့် အသင်းလူငယ်တိုက်စစ်မှူး ဒူရန်နှင့် ပြဿနာ မရှိကြောင်း ပြောကြားခဲ့သည်။
အောက်တိုဘာ(၂၂) ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ် အက်စတွန်ဗီလာ (၂-၀) ဘိုလော့ဂ်နာပွဲ၌ အမ်မရီသည် ပွဲချိန် (၆၄)မိနစ်တွင် ဒုတိယဂိုးသွင်းယူပေးခဲ့သည့် ဒူူရန်ကို ချက်ချင်းပင် ဝက်ကင်စ် နှင့်လူစားလဲခဲ့သည်။
ဒူရန်သည် လူစားလဲခဲ့ရသည့်အတွက် စိတ်ပျက်ခဲ့ပြီး အရန်ထိုင်ခုံကို လက်သီးဖြင့် ထိုးခဲ့သည်။
သို့သော် အမ်မရီက ဒူရန်၏အပြုအမူအတွက် ပြဿာနာမရှိကြောင်းနှင့် အားလုံးမှာ ၎င်း၏ထိန်းချုပ်မှုအောက်တွင်ရှိကြောင်း ပြောကြားခဲ့သည်။
ကိုလံဘီယာတိုက်စစ်မှူး ဒူရန်(၂၀ နှစ်)သည် အက်စတွန်ဗီလာအသင်းအတွက် ခြေစွမ်းပြနေသည့်အတွက် ပရီးမီးယားလိဂ်ထိပ်သီးအသင်းအချို့က ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းထွက်နေသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
