လေဗာကူဆင်အသင်းသည် နည်းပြ ရှာဘီအလွန်ဆို လမ်းခွဲခဲ့လျှင် ဆီဘက်စတီယန်ဟိုးနက်စ်၊ ဆန်ဒရိုဗက်ဂ်နာ၊ အန်ဒိုနီအီရာအိုလာတို့ထဲမှ တစ်ဦးဦးကို အစားထိုးဖွယ်ရှိကြောင်း သိရသည်။
စတုဂတ်အသင်းနည်းပြဖြစ်သူ ဟိုးနက်စ်၊ ဂျာမနီလက်ရွေးစင်အသင်း၏လက်ထောက်နည်းပြဖြစ်သူ ဆန်ဒရိုဗက်ဂ်နာတို့သည် ဂျာမန်ဘောလုံးလောက၏ တိုးတက်မှုရှိသောနည်းပြများအဖြစ် သတ်မှတ်ခံထားရပြီး ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်အသင်းကို ကိုင်တွယ်နေသည့် စပိန်လူမျိုးနည်းပြ အီရာအိုလာမှာလည်း သူ၏စွမ်းဆောင်ရည်ကြောင့် ထင်ရှားလာသူဖြစ်သည်။
လေဗာကူဆင်အသင်းမှ ထွက်ခွာဖွယ်ရှိသည့် အလွန်ဆိုသည် လာလီဂါထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်၊ ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီးအသင်းများနှင့် သတင်းထွက်နေကြောင်း သိရသည်။
စပိန်လူမျိုးနည်းပြ ရှာဘီအလွန်ဆို(၄၂ နှစ်)သည် လေဗာကူဆင်အသင်းကို ၂၀၂၂ ခုနှစ်တွင် စတင်တာဝန်ယူခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီ၌ ဘွန်ဒစ်လီဂါနှင့် ဂျာမန်ဖလားပြိုင်ပွဲများတွင် ချန်ပီယံဆုဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့သည်။
၎င်းနှင့် လေဗာကူဆင်အသင်း၏ စာချုပ်သက်တမ်းမှာ ၂၀၂၅-၂၆ ရာသီကုန်အထိ ဖြစ်သော်လည်း လာမည့်နှစ်နွေရာသီ၌ လေဗာကူဆင်အသင်းနှင့် လမ်းခွဲဖွယ်ရှိနေကြောင်း ဂျာမန်မီဒီယာ Sky Germany က ဖော်ထုတ်ရေးသားခဲ့သည်။
မန်စီးတီး၊ ရီးယဲလ်အသင်းများမှ စိတ်ဝင်စားနေသည့် အလွန်ဆိုသည် ကစားသမားဘဝက ရီးယဲလ်အသင်းတွင် ပြိုင်ပွဲစုံ ပွဲပေါင်း (၂၃၆)ပွဲအထိ ကစားပေးခဲ့ပြီး အန်ဆယ်လော့တီလက်အောက် ၂၀၁၄ ချန်ပီယံလိဂ်ချန်ပီယံအသင်းသား ဖြစ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
