ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်(YUPT)အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အမြတ်ငွေကျပ် ၂ ဒသမ ၆၃၃ ဘီလီယံကျော် စတင်ရရှိခဲ့ပြီး ရှယ်ယာရှင်များကို လာမည့် သုံးနှစ်ကျော်ခန့်မှသာ အမြတ်ဝေစု ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း YUPT ဥက္ကဋ္ဌဦးအောင်ဝင်းက ပြောကြားသည်။
ရန်ကုန်မြို့ရှိ Sky Star Hotel တွင် အောက်တိုဘာ ၂၄ ရက်က ပြုလုပ်သော ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(YUPT) ၏ အထူးအထွေထွေအစည်းအဝေးနှင့်
ပ ဉ္စမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
YUPT ကုမ္ပဏီအနေဖြင့် စတင်တည်ထောင်စဉ်ကတည်းက ခုနစ်နှစ်တာကာလအတွင်အရှုံးများ ဆက်တိုက်ပေါ်ခဲ့သော်လည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်အမြတ်ထွက်ခဲ့ကြောင်း နောက်နှစ်များတွင်လည်း အမြတ်ငွေများရရှိလာမည်ဖြစ် စတင်အမြတ်ထွက်ခဲ့ကြောင်း နောက်နှစ်များတွင်လည်း အမြတ်ငွေများရရှိလာမည်ဖြစ်ကြောင်း YUPT ဥက္ကဋ္ဌဦးအောင်ဝင်းက ပြောကြားသည်။
" ကျွန်တော်တို့ YUPT ကုမ္ပဏီကတော့ စတင်တည်ထောင်စဉ်ကတည်းက ခုနစ်နှစ်ကာလအတွင်းမှာတော့ ဆက်တိုက်အရှုံးပေါ်ခဲ့ပါ တယ်။ ဒါပေမဲ့ကျွန်တော်တို့အဖွဲ့ တာဝန်ယူပြီး နောက်ပိုင်းမှာ ဒီ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ
အမြတ်စထွက်ပါပြီ။ 2.633 ဘီလီယံ အမြတ်စထွက်ပါပြီ။ ဒါကြောင့်မို့ ဒီကရှေ့လျှောက်လည်း ကျွန်တော်တို့ ကုမ္ပဏီက အရှုံးဆိုတာ ဘယ်တော့မှ ရှိမှာ မဟုတ်တော့ပါဘူး။ နှစ်တိုင်း ကျွန်တော်တို့က အမြတ်တွေ ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအစုရှယ်ယာရှင် အမြတ်တွေပေါ်တဲ့အခါမှာ ဒီအမြတ်ငွေအားလုံးကို ခွဲပေးလို့ မရသေးဘူးဆိုတာက စာရင်းစစ်ရဲ့ အကြံပြုချက်အရ ယခင်ရှေ့ကာလ သုံးနှစ်မှာ ရှုံးခဲ့တဲ့အရှုံးသည် ၂၈ ဘီလီယံကျော်ရှိပါတယ်။ ဒါကြောင့်မို့ အမြတ်ငွေ ၂ ဒသမ ၆ ဘီလီယံ အမြတ်ကို ပြန်နှုတ်လို့ရှိရင် အရှုံးက ၂၅ ဒသမ ကျော်ကျော်လောက်ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ၂၅ ဒသမ ဘီလီယံလောက် အရှုံးကျေပြီးသွားရင်တော့ အမြတ်က စတင်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်ခန့်မှန်းရရင်တော့ နောက်ထပ် သုံးလေးနှစ်လောက်ဆိုရင်ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်" ဟု YUPT
ဥက္ကဋ္ဌဦးအောင်ဝင်းက ပြောကြားသည်။
ထို့အပြင် AYA Bank သို့ Foton ယာဉ် ၂၀၀ စီး ချေးငွေ၏ အရင်းကျပ် ၄ ဒသမ ၈၄၇ ဘီလီယံနှင့် အတိုးငွေကျပ် ၂ ဒသမ ၇၆၈ ဘီလီယံ စုစုပေါင်းငွေကျပ် ၇ ဒသမ ၆၁၅ ဘီလီယံကို ပေးဆပ်နိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်(YUPT)ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းခဲ့ ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
