နယ်စပ်ဖြတ်ကျော်မှုခင်းများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း အတူတကွပူးပေါင်းတိုက်ဖျက်ရန်လိုအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဆီယံရဲအဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်များ၊ အာဆီယံ ရဲအဖွဲ့အတွင်းရေးမှူးရုံး၊ အမှုဆောင်ဒါရိုက်တာတို့နှင့် တွေ့ဆုံစဉ် ဆွေးနွေး ပြောကြားသည်။
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံတက်ရောက်ခဲ့သည့် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံကိုယ်စားလှယ်များတွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ရဲချုပ်များနှင့် အဆင့်မြင့်ရဲအရာရှိကြီးများပါဝင်ပြီး ၎င်းတို့နှင့်အတူ အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံး၊ အမှုဆောင်ဒါရိုက်တာတို့က ယနေ့ အောက်တိုဘာ ၂၄ ရက်နံနက်ပိုင်းတွင် နစကဥက္ကဋ္ဌထံ လာရောက်တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
တွေ့ဆုံစဥ် နစကဥက္ကဋ္ဌက ရဲတပ်ဖွဲ့ဝင်များ၏အခန်းကဏ္ဍနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များသည် ပြည်တွင်းလုံခြုံရေးကို အဓိကတာဝန်ယူရသည့် အဖွဲ့အစည်းဖြစ်၍ အလွန်ကျယ်ပြန့်ကာ အရေးကြီးသည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။
ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်း နိုင်ငံအလိုက်ပူးပေါင်းတိုက်ဖျက်ရမည့် နယ်စပ်ဖြတ်ကျော်မှုခင်းများကို အတူတကွပူးပေါင်းတိုက်ဖျက်ရန်လိုအပ်ပြီး နိုင်ငံအလိုက် ရဲတပ်ဖွဲ့ဝင်များအချင်းချင်း အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ လက်နက်ခဲယမ်းများမှောင်ခိုရောင်းချခြင်း၊ အွန်လိုင်းလိ-မ်လည်မှုများဆောင်ရွက်ခြင်းတို့ကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းနိုင်မည်ဟု နစက ဥက္ကဋ္ဌက ထပ်လောင်း ပြောကြားခဲ့သည်။
ထို့အတူ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံး၊ အမှုဆောင်ဒါရိုက်တာတို့က အာဆီယံရဲအဖွဲ့ဝင် နိုင်ငံများအချင်းချင်း လေ့ကျင့်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းနယ်ပယ်များတွင် ပူးပေါင်းတားဆီးနှိမ်နင်းရေး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။







-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
