အီတလီအသင်းသည် ကမ္ဘာ့အဆင့် ၁ ဘယ်လ်ဂျီယံအသင်းကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်လာကြောင်း သိရသည်။
ဘယ်လ်ဂျီယံနှင့် အီတလီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ကွာတားဖိုင်နယ်ပွဲစဉ်ကို သောကြာနေ့ ညပိုင်းက ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ကျင်းပရာ အီတလီအသင်းက ပထမပိုင်း တွင်သွင်းယူသည့် ဂိုးများနှင့်အတူ (၂-၁) ဂိုး ဖြင့် အနိုင်ရခဲ့သည်။ ပွဲစကတည်းက အီတလီ အသင်း ကစားပုံကောင်းမွန်ခဲ့ပြီး ၃၁ မိနစ် တွင် ဘာရယ်လာက အဖွင့်ဂိုးနှင့် ၄၄ မိနစ် တွင် အင်ဆစ်ဂ်နီက အဝေးကန်ချက်ဖြင့် ဒုတိယဂိုးသွင်းယူခဲ့သည်။
ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုတွင် ပယ်နယ်တီမှတစ်ဆင့် လူကာကူက ချေပဂိုးသွင်းယူနိုင်သော်လည်း ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးထပ်မသွင်း နိုင်တော့သဖြင့် အီီတလီအသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရကာ ဆီမီးဖိုင်နယ်တက်ရောက် နိုင်ခဲ့ခြင်းဖြစ်သည်။
အီတလီအသင်းသည် ယူရိုပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ခြောက်ကြိမ်မြောက် တက်ရောက် ခွင့်ရခြင်းဖြစ်ပြီး ဆွစ်ဇာလန်အသင်းအား ပယ်နယ်တီဖြင့် အနိုင်ရလာသည့် စပိန်အသင်း နှင့် ဇူလိုင် ၆ ရက်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ အီတလီအသင်းသည် ယခုပြိုင်ပွဲ တွင် ငါးပွဲစလုံး အနိုင်ရထားသလို ခြေစစ်ပွဲကာလတွင်လည်း ရာနှုန်းပြည့် ၁၀ ပွဲစလုံး အနိုင်ရခဲ့သဖြင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် ၁၅ ပွဲဆက်အနိုင်ရသည့် ပထမဆုံးအသင်း အဖြစ် စံချိန်သစ်ရေးထိုးနိုင်ခဲ့သည်။
သို့ဖြစ် ရာ အီတလီအသင်းအနေဖြင့် ဗိုလ်စွဲရန် ရေပန်းစားမှုစာရင်းတွင် အလေးပေးမှု ၂/၁ ဖြင့် ထိပ်ဆုံးနေရာ ရောက်ရှိလာပြီး ကွာတားဖိုင် နယ်ကစားရန် ကျန်ရှိနေသည့် အင်္ဂလန် အသင်းက ၁၅/၈ ဖြင့် ဒုတိယ၊ စပိန်အသင်း က ၁၃/၅ ဖြင့် တတိယနေရာတွင် ရပ်တည်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
