ဘယ်လ်ဂျီယံအသင်းနည်းပြ မာတီ နက်ဇ်သည် ယူရိုပြိုင်ပွဲတွင် အောင်မြင်မှုမရ ဘဲ ကွာတားဖိုင်နယ်မှ ထွက်ခဲ့ရပြီးနောက် အနာဂတ်အခြေအနေကို ဖြေကြားရန် ငြင်း ဆန်ခဲ့ကြောင်း သိရသည်။
မာတီနက်ဇ် (၄၇ နှစ်) သည် ဘယ်လ် ဂျီယံအသင်းအား ၂၀၁၆ ခုနှစ်ကတည်းက ကိုင်တွယ်နေခြင်းဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲအထိ ကိုင်တွယ်ရန် စာချုပ်သက်တမ်း တိုးမြှင့်ထားသည်။ သို့သော် ဘယ်လ်ဂျီယံ အသင်းအနေဖြင့် ယူရိုပြိုင်ပွဲတွင် အောင်မြင် မှုမရသလို မာတီနက်ဇ်မှာလည်း ယခုနွေ ရာသီတွင် ကလပ်အသင်းဘောလုံးလောက သို့ ပြန်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ် လျက်ရှိသည်။ သို့ဖြစ်ရာ အီတလီအသင်းအား ရှုံးနိမ့်သည့်ပွဲအပြီးတွင် အနာဂတ်နှင့်ပတ် သက်၍ သတင်းထောက်များက မေးမြန်းစဉ် မာတီနက်ဇ်က ''လောလောဆယ်မှာ ယူရို ပြိုင်ပွဲက ထွက်ရတဲ့အကြောင်း၊ ဒီရှုံးပွဲထက် တခြားအရာတွေအကြောင်း ပြောဖို့ဆိုတာ တော်တော်ခက်ပါတယ်။ ကျွန်တော့်အနေနဲ့ ခံစားချက်တွေပါနိုင်တဲ့ ဘယ်ကိစ္စကိုမှမပြော ချင်ပါဘူး။ အခုအချိန်မှာ ပြိုင်ပွဲအကြောင်း အားလုံးကိုပြန်သုံးသပ်ဖို့ပဲ စဉ်းစားထားပါ တယ်။ ကစားသမားတွေအနေနဲ့ ဘာအမှား အယွင်းမှမလုပ်ခဲ့ဘူးဆိုတာ ပြောချင်ပါတယ်။ သူတို့က တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစား ခဲ့တာပါ'' ဟု ဖြေကြားသည်။
ဘယ်လ်ဂျီယံအသင်းသည် မာတီနက်ဇ် လက်ထက် ၆၁ ပွဲကစားရာ ၄၇ ပွဲနိုင်၊ ကိုးပွဲ သရေ၊ ငါးပွဲသာ ရှုံးနိမ့်ထားပြီး ၂၀၁၈ ကမ္ဘာ့ ဖလားပြိုင်ပွဲ၌ တတိယရရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
