လာမည့်နှစ်တွင် တရုတ်နိုင်ငံ၌ ကျင်းပမည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ရိုးရာလှေအားကစားနည်း ပါဝင်မည်ဖြစ်ပြီး မြန်မာလှေလှော်အဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၂၂ အာရှအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် တရုတ်နိုင်ငံအနေဖြင့် ရိုးရာလှေ (နဂါးလှေ)ပြိုင်ပွဲကို ကနူး/ကယက်ပြိုင်ပွဲအမျိုးအစားအောက်တွင် ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ပါဝင်မည့်ပြိုင်ပွဲအမျိုးအစားများကိုမူ ထပ်မံထုတ်ပြန်မည်ဖြစ်သည်။
လာမည့်အာရှအားကစားပြိုင်ပွဲတွင် လှေလှော် အားကစားနည်း၌ ကနူး/ကယက်၊ အပြည်ပြည်ဆိုင်ရာလှေနှင့် ရိုးရာလှေပြိုင်ပွဲအမျိုး အစား (၃)ခုစလုံး ပါဝင်မည်ဖြစ်ပြီး မြန်မာလှေလှော်အဖွဲ့အနေဖြင့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။
မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်သည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲ အပါ အဝင် လာမည့်နှစ်တွင်ယှဉ်ပြိုင်ရမည့် နိုင်ငံ တကာပြိုင်ပွဲများအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။ ရိုးရာလှေပြိုင်ပွဲမှာ ဗီယက်နမ်ဆီးဂိမ်းစ် ပြိုင်ပွဲတွင်မပါဝင်သော်လည်း မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်အနေဖြင့် လာမည့်နှစ်တွင် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲများအတွက် ပဏာမကစားသမား (၃၀)ကျော်ရွေးချယ်ကာ လေ့ကျင့်ပေးနေခြင်းဖြစ်သည်။
မြန်မာရိုးရာလှေအဖွဲ့သည် လာမည့် နှစ်တွင် အာရှအားကစားပြိုင်ပွဲအပါအဝင် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲလည်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲ(၂)ခုစလုံး အတွက် ရည်ရွယ်ပြင်ဆင်နေခြင်းဖြစ်သည်။ မြန်မာလှေလှော်အဖွဲ့အနေဖြင့် နောက်ဆုံး ကျင်းပသည့် ၂၀၁၈ အာရှအားကစားပြိုင်ပွဲ တွင်ပါဝင်သည့် ရိုးရာလှေ၊ ကနူး/ကယက် နှင့် အပြည်ပြည်ဆိုင်ရာလှေ ပြိုင်ပွဲအမျိုးအစား (၃) မျိုးစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
