ရှက်ဗ်ချင်ကိုက တစ်ဦးချင်းကျော်ဖြတ်ပုံတွေ၊ နေရာလွတ် ရှာဖွေပုံတွေ၊ ဖြတ်တင်ဘောပေးပို့မှုအတွက် ရှု မြင်ရမယ့်ထောင့်တွေအကြောင်း ကိုယ်တိုင်ထဲထဲဝင်ဝင် သင်ကြားပြသနေပါတယ်။ ရှက်ဗ်ချင်ကိုရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေဟာ ပြင်းထန်ပြီး အာရုံစူးစိုက်မှုလေလွင့်သွားလို့မရတဲ့အခြေအနေမျိုးနဲ့ လှုပ်ရှားနေတယ်။ ဆွီဒင်အသင်းနဲ့ပွဲမှာ အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ ယူကရိန်းကြယ်ပွင့် ဇင်ချန်ကိုက "ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရှုံးနိမ့်မှုကြောင့် ကျွန်တော့်ရဲ့ ကစားသမားဘဝထဲ အဆိုးရွားဆုံးခံစားချက်ကို ပိုင်ဆိုင်နေခဲ့တာပါ။ ဒါပေမဲ့ ယူကရိန်းအသင်းကို ရောက်လာချိန်မှာ ရှက်ဗ်ချင်ကို တည်ထောင်ပေးထားတဲ့ အသင်းလိုက်ညီညွတ်စိတ်ဟာ ကျွန်တော့်ဒဏ်ရာတွေကို မေ့ပျောက်စေခဲ့ပြီ"လို့ ပြောခဲ့ပါတယ်။ ယူကရိန်းပရိသတ်တွေအတွက် ရှက်ဗ်ချင်ကိုဟာ ကစားသမားဘဝမှာကတည်းက မျှော်လင့်ခြင်းအဝါရောင်ဖြစ်ခဲ့ဖူးတယ်။ အခုလည်း ရှက်ဗ်ချင်ကိုလက်ထက် ယူကရိန်းဟာ နောက်ထပ်မျှော်လင့်ခြင်းအဝါ ရောင်ဖြစ်လာပြန်ပါပြီ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
