မန်ချက်စတာယူနိုက်တက်အသင်းသည် အဲဗာတန်အသင်း၏ အင်္ဂလန်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်ကို ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် ဇူလိုင် (၁)ရက်တွင် ဒေါ့မွန်အသင်းမှ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုကို ပေါင် (၇၃)သန်းဖြင့် ခေါ်ယူရန် ကြေညာခဲ့ပြီးနောက် ကစားသမားသစ်များ ထပ်မံခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။
Daily Mail ၏ ဖော်ပြချက်အရ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန် အလိုရှိနေပြီး ကယ်လ်ဗတ်လူဝင်ကို မျက်စီကျနေခြင်းဖြစ်ကြောင်း သိရှိရသည်။
အသက် (၂၄)နှစ်အရွယ်ရှိ ကယ်လ်ဗတ်လူဝင်သည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီက အဲဗာတန်အသင်းအတွက် ပြိုင်ပွဲစုံ (၃၄)ပွဲတွင် (၂၁)ဂိုး သွင်းယူခဲ့ပြီး လက်ရှိတွင် အင်္ဂလန်လက်ရွေးစင်အသင်းနှင့်အတူ ယူရို-၂၀၂၀ ပြိုင်ပွဲ ယှဉ်ပြိုင်နေသူဖြစ်သည်။
ကယ်လ်ဗတ်လူဝင်ကို ခေါ်ယူရန် အဲဗာတန်အသင်းတွင် ၎င်းနှင့်အတူ လက်တွဲခဲ့ဖူးသည့် ရီးယဲလ်အသင်းနည်းပြ အန်ဆယ်လော့တီကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။
သို့သော် အဲဗာတန်အသင်းသည် အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ကယ်လ်ဗတ်လူဝင်ကို ရောင်းထုတ်ဖွယ်မရှိကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
