ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းကို ကိုင်တွယ်နေသည့် ဘာစီလိုနာဂန္ထဝင် ဇာဗီက အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီအား အသင်းတွင် ဆက်ရှိနေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အသက် (၃၄)နှစ်အရွယ်ရှိ မက်ဆီသည် ဇွန်လ (၃၀)ရက်က ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ဖြစ်နေပြီး ပြောင်းရွှေ့ကြေးအလွတ်ဖြင့် အသင်းပြောင်းရွှေ့ခွင့်ရှိနေသူဖြစ်သည်။
ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက မိမိတို့အနေဖြင့် မက်ဆီအား စာချုပ်သစ်ချုပ်ဆိုရန် အစွမ်းကုန်ကြိုးစားနေကြောင်းနှင့် မက်ဆီအနေဖြင့်လည်း ဘာစီလိုနာအသင်းတွင် ဆက်နေရန် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့သည်။
ယခုအခါ ဇာဗီက ဘာစီလိုနာအသင်းအနေဖြင့် မက်ဆီကို အမြန်ဆုံးစာချုပ်သစ် ချုပ်ဆိုနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဇာဗီက "စျေးကွက်အနေအထားတွေကြောင့် မက်ဆီရဲ့ အခြေအနေကို စောင့်ကြည့်ရမှာပါ။ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် မက်ဆီဟာ အသင်းဥက္ကဋ္ဌနဲ့ ဆွေးနွေးနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ မက်ဆီအတွက် အကောင်းဆုံး ဖြစ်လာဖို့ ကျွန်တော် ဆုတောင်းပါတယ်။ မက်ဆီရဲ့ သူငယ်ချင်းတစ်ဦးအနေနဲ့ရော ဘာစီလိုနာအသင်းပရိသတ်တစ်ဦးအနေနဲ့ပါ မက်ဆီကို ဘာစီလိုနာအသင်းမှာပဲ ဆက်ရှိနေစေချင်ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ သိပ်မကြာခင်မှာ မက်ဆီကို စာချုပ်သစ်ချုပ်ဆိုကြောင်း ကြေညာနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဘာစီလိုနာအသင်းတွင် စတင်ခဲ့သူ မက်ဆီသည် အသင်းအတွက် (၁၇)ရာသီကြာ ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၇၇၈)ပွဲတွင် (၆၇၂)ဂိုးအထိ သွင်းယူထားကာ အသင်းသမိုင်းတွင် ပွဲအများဆုံးနှင့် ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
