ချယ်လ်ဆီးအသင်းသည် ရာသီကုန်တွင်ကစားသမားဘဝမှ အနားယူတော့မည့် အသင်းဂိုးသမားဟောင်း ပီတာချက်အား ရာထူးတစ်နေရာပေးပြီး ခေါ်ယူသွားရန် စီစဉ်နေလျက်ရှိသည်။
ပီတာချက်အနေဖြင့် ချယ်လ်ဆီးအသင်း၏နည်းစနစ်ပိုင်းဆိုင်ရာအဖွဲ့တွင် ရာထူးတစ်ခုခုဖြင့် ကမ်းလှမ်းခံရဖွယ်ရှိသည်ဟု ဗြိတိန်သတင်းစာ Telegraph က ဖော်ပြခဲ့သည်။
ချယ်လ်ဆီးအသင်းမှာ နည်းပြ မော်ရီဇီယိုဆာရီလက်အောက် လက်ရှိတွင် ဖိအားဒဏ်အောက် ရောက်နေပြီး လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရုန်းကန်နေရသောကြောင့် လာမည့်ရာသီတွင် အပြောင်းအလဲများစွာ ပြုလုပ်ဖွယ်ရှိနေသည်ဟုလည်း သတင်းများက သုံးသပ်ခဲ့သည်။
ချယ်လ်ဆီးအနေဖြင့် ပြီးခဲ့သည့်(၂)နှစ်ခန့်က အီမန်နာလို အသင်းမှထွက်ခွာသွားပြီးနောက် နည်းစနစ်ဒါရိုက်တာ လစ်လပ်နေရာ ပီတာချက်ကို တိုက်ရိုက်အစားထိုးဖွယ်မရှိသော်လည်း ယင်းရာထူး၏လုပ်ငန်းဆောင်တာအစိတ်အပိုင်းအချို့ကို တာဝန်ပေးသွားဖွယ်ရှိနေသည်။
ချယ်လ်ဆီးပရိသတ်များ သဘောကျနှစ်ခြိုက်သည့် ပီတာချက်မှာလည်း အသင်းဟောင်းသို့ တစ်ကျော့ပြန်ရန် နီးစပ်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
