မန်စီးတီးအသင်း၏ အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား စတာလင်သည် လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးအတွက် လူမှု ကွန်ရက်မှတစ်ဆင့် လှုံ့ဆော်ပြောကြားမှုများ ပြုလုပ်ခဲ့သောကြောင့် ဂုဏ်ပြုဆုချီးမြှင့်ခံရ ကြောင်း သိရသည်။
ဗြိတိန်အခြေစိုက် BT Sport ရုပ်သံက လန်ဒန်မြို့၌ပြုလုပ်သည့် BT Sport Industry Awards ဆု ချီးမြှင့်ပွဲအခမ်းအနားတွင် စတာလင်အား The Integrity and Impace Award ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
စတာလင်သည် ပြီးခဲ့သည့် ဒီဇင်ဘာက ချယ်လ်ဆီးအသင်းနှင့်ပွဲတွင်လည်းကောင်း၊ မတ်လအတွင်း မွန်တီနီဂရိုး အသင်းနှင့် ယူရိုခြေစစ်ပွဲတွင်လည်းကောင်း ပြိုင်ဘက်အသင်းပရိသတ်များ၏ လူမျိုးရေးခွဲခြားမှုခံရကြောင်း လူသိရှင်ကြားထုတ်ဖော် ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းသည် ဘောလုံးပွဲများ၌ လူမျိုးရေးခွဲခြားမှုအား အမြစ်ဖြတ်ချေမှုန်းနိုင်ရန် အခြားကစားသမားများအနေ ဖြင့်လည်း ထုတ်ဖော်ပြောကြားသင့်ကြောင်း Instragram မှတစ်ဆင့် လှုံ့ဆော်ပြောကြားခဲ့ သလို လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး ကြေ ညာစာတမ်းတွင်လည်း ပါဝင်လက်မှတ်ရေး ထိုးခဲ့ကြောင်း သိရသည်။
''နောက်ထပ်မျိုးဆက်တစ်ခုရောက်လာတဲ့အချိန်မှာ ခင်ဗျားက စံနမူနာတစ်ယောက် ဖြစ်နေရမှာပါ။ ကျွန်တော် လီဗာပူးလ်အသင်းမှာကစားတုန်းက စတီဗင်ဂျရတ်တို့လိုလူတွေ ကိုကြည့်ပြီး ကြီးပြင်းခဲ့တာပါ။ သူ့ကိုကြည့်ပြီးတော့ သူ့လိုမျိုးပဲ လူတွေနဲ့ ကစားသမားတွေရဲ့ကိုယ်စား ကိုယ်ဘာလုပ်နိုင်မလဲဆိုပြီး တွေးခဲ့ဖူးပါတယ်။ ကျွန်တော်က ကိုယ့်အတွေ့အကြုံ ကို ပြောပြခဲ့တာပါ။ အခုလို စိတ်ဝင်စားမှုတွေ အများကြီးရမယ်လို့ မမျှော်လင့်ထားပါဘူး။ ကျွန်တော်က Instragram မှာရှိတဲ့သူတွေကို သိစေချင်ရုံလောက်ပဲ ပြောပြတာပါ။ လူတွေက အဲဒီလိုပြောတာကို နားထောင်ပြီးတော့ ပိုကောင်းလာအောင် ကြိုးစားနေတာတွေ့ရလို့ တကယ်ကျေနပ်မိပါတယ်''ဟု ၎င်းက ဆု လက်ခံရယူပြီးနောက် ပြောကြားသည်။
ထို့ပြင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) နှင့် အင်္ဂလန်အသင်းမှာလည်း Leadership in Sport Award ချီးမြှင့်ခံရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
