ဘာစီလိုနာအသင်းတိုက်စစ်မှူး ဆွာရက်ဇ်က အသင်းဟောင်းလီဗာပူးလ်ကို ကျေးဇူးတင်သော်လည်း ကွင်းအတွင်းတွင် သူငယ်ချင်းမရှိကြောင်း သတိပေးပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းတိုက်စစ်မှူး ဆွာရက်ဇ်က အသင်းဟောင်းလီဗာပူးလ်ကို ကျေးဇူးတင်သော်လည်း ကွင်းအတွင်းတွင် သူငယ်ချင်းမရှိကြောင်း သတိပေးပြောကြားခဲ့သည်။
ဆွာရက်ဇ်သည် လီဗာပူးလ်အသင်းတွင် (၃)ရာသီခွဲကြာ ကစားခဲ့သူဖြစ်ပြီး လက်ရှိ ၄င်းကစားနေသည့် ဘာစီလိုနာအသင်းမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် လီဗာပူးလ်အသင်းနှင့် ထိပ်တိုက်တွေ့ဆုံနေခြင်းဖြစ်သည်။
ဆွာရက်ဇ်သည် လီဗာပူးလ်အသင်းနှင့်အတူ နာမည်ကျော်ကြားလာခဲ့သူဖြစ်ပြီး ယင်းအတွက်အသင်းဟောင်းကို ကျေးဇူးတင်သော်လည်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်တွင်မှာ ဘာစီလိုနာအသင်းအနိုင်ရရေးအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဟု Daily Mail သတင်းစာနှင့် တွေ့ဆုံရာတွင်ပြောကြားခဲ့သည်။
ဆွာရက်ဇ်က ''လီဗာပူးလ်အသင်းကို ကျွန်တော်အရမ်းကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကွင်းအတွင်းမှာ သူငယ်ချင်းဆိုတာ မရှိပါဘူး။ ပွဲမကစားခင်မှာ သူ့အသင်းအကြောင်း ကိုယ့်အသင်းအကြောင်းပြောရတာက တကယ်ကိုပြောလို့ကောင်းပါတယ်။ လီဗာပူးလ်အသင်းက ကျွန်တော့်ကို အများကြီးအကူအညီပေးခဲ့ပါတယ်။ ဒါပေမဲ့ ကွင်းအတွင်းလီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်တော့်အပေါ် သူတို့ကောင်းခဲ့တာတွေကို ကျွန်တော်တွေးနေမှာ မဟုတ်ပါဘူး'' ဟုပြောကြားခဲ့သည်။
အသက် (၃၂)နှစ်အရွယ်ရှိ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်သည် လီဗာပူးလ်အသင်းတွင် (၃) ရာသီခွဲကာလအတွင်း ပြိုင်ပွဲစုံ (၁၃၃)ပွဲကစားကာ (၈၂)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
