ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ဘန်ဇီမာသည် တံကောက်ကြောဒဏ်ရာကြောင့် ယခုရာသီကုန်အထိအနားယူရဖွယ်ရှိနေကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ဘန်ဇီမာသည် တံကောက်ကြောဒဏ်ရာကြောင့် ယခုရာသီကုန်အထိအနားယူရဖွယ်ရှိနေကြောင်း သိရသည်။
ဘန်ဇီမာသည် နည်းပြဇီဒန်းလက်အောက်တွင် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ဧပြီ (၂၆)ရက်က ဂီတာဖေးကို (၀-၀)ဂိုးဖြင့်သရေကျသည့်ပွဲ၌ ပွဲချိန်ပြည့်ပါဝင်ခဲ့သူလည်းဖြစ်သည်။
သို့သော် ဘန်ဇီမာသည် စနေနေ့က ပြုလုပ်ခဲ့သည့် အသင်း၏ လေ့ကျင့်ရေးအစီအစဉ်ကို တံကောက်ကြောဒဏ်ရာကြောင့် ပျက်ကွက်ခဲ့ကြောင်းသိရသည်။
ရီးယဲလ်မက်ဒရစ်အသင်း၏ ထုတ်ပြန်ချက်တွင် ''ဘန်ဇီမာရဲ့ အခြေအနေကို စမ်းသပ်ကြည့်တဲ့အခါ တံကောက်ကြောမှာ ကြွက်သားဒဏ်ရာရနေတာကို တွေ့ရပါတယ်။ သူဘယ်လောက်အနားယူရမယ်ဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။ ဆက်လက်ပြီး စစ်ဆေးရဦးမှာပါ'' ဟုပါရှိသည်။
အသက် (၃၁)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာသည် ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး အသင်းအတွက်ပြိုင်ပွဲစုံ (၅၁)ပွဲတွင် ဂိုး (၃၀)အထိသွင်းယူထားသလို၊ လာလီဂါပြိုင်ပွဲတွင်လည်း (၂၁)ဂိုးသွင်းယူပေးထားသူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
