မန်ယူအသင်းတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က မန်ယူအသင်းအနေဖြင့် အေဂျက်စ်အသင်းခေါင်းဆောင် ဒယ်လစ်ကိုခေါ်ယူရန် ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းခဲ့သည်။
မန်ယူအသင်းတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က မန်ယူအသင်းအနေဖြင့် အေဂျက်စ်အသင်းခေါင်းဆောင် ဒယ်လစ်ကိုခေါ်ယူရန် ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းခဲ့သည်။
အသက် (၁၉)နှစ်အရွယ်ရှိ နယ်သာလန်လူငယ်နောက်ခံကစားသမား ဒယ်လီကို ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ PSG စသည့်ဥရောပထိပ်တန်းအသင်းကြီးများက စိတ်ဝင်စားနေကြကြောင်းသိရသည်။
ဘာဘာတော့ဗ်က '' မန်ယူအသင်းမှာ ဆိုးလ်ရှားလိုအပ်နေတာက ဘောလုံးကိုထိန်းကစားနိုင်ပြီး ကွင်းလယ်နဲ့ချိန်ဆက်နိုင်တဲ့ ဗဟိုနောက်ခံလူဖြစ်ပါတယ်။ အဲဒီလိုအရည်အချင်းမျိုးရှိတာက လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ဖြစ်ပါတယ်။ ဗန်ဒိုက်လိုနောက်ခံလူမျိုးနဲ့ တွဲကစားရတာ ကျွန်တော်တို့လိုတိုက်စစ်မှူးတွေအတွက် အလွန်အဆင်ပြေပါတယ်။ မန်ယူအသင်းလိုအပ်နေတာက အဲဒီလိုလူမျိုးပါ။ ဗန်ဒိုက်ကိုတော့ သူတို့ခေါ်ဖို့မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒယ်လစ်ဟာလည်း ဗန်ဒိုက်လို ဖြစ်လာနိုင်သူပါ။ ဒယ်လစ်က အသက်ငယ်သေးပေမယ့် အစွမ်းအစရှိတဲ့ကစားသမားဖြစ်ပါတယ်။ သူက ဘောလုံးအထာကိုကောင်းကောင်းသိပြီး စီရော်နယ်လ်ဒိုလို ကစားသမားကိုတောင် ထိန်းချုပ်နိုင်ခဲ့သူပါ။ ကျွန်တော်ကတော့ မန်ယူအသင်းအနေနဲ့ ဒယ်လစ်ကို ခေါ်ယူဖို့ကြိုးစားစေချင်ပါတယ်'' ဟုပြောကြားခဲ့သည်။
အေဂျက်စ်အသင်းခေါင်းဆောင် ဒယ်လစ်သည် အေဂျက်စ်အကယ်ဒမီမှ ထွက်ပေါ်လာသည့်လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ယခုရာသီတွင် အသင်းအတွက်ပြိုင်ပွဲစုံ ပွဲ (၅၀)အထိကစားထားကာ (၆)ဂိုးသွင်းယူပေးထားသည်။
ထို့ပြင် ဒယ်လစ်သည် ပြီးခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ ပွဲစဉ် ဂျူဗင်တပ်စ် (၁-၂) အေဂျက်စ်ပွဲတွင် အေဂျက်စ်အသင်းအတွက် အနိုင်ဂိုးကိုသွင်းယူပေးခဲ့သူလည်းဖြစ်သည်။
ဒယ်လစ်အား ခေါ်ယူရန် ဘာစီလိုနာအသင်းက အနီးစပ်ဆုံးဖြစ်နေသည်ဟု ဥရောပမီဒီယာများကဖော်ပြနေကြပြီး ၄င်း၏စျေးကွက်တန်းဖိုးမှာ ယူရိုသန်း (၇၀) အထိရှိကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
