အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကမ္ဘာပေါ်တွင် အခက်ခဲဆုံးလိဂ်ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကမ္ဘာပေါ်တွင် အခက်ခဲဆုံးလိဂ်ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ယခုရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် စပါး၊ ချယ်လ်ဆီး၊ မန်ယူတို့နှင့်အပြိုင်ဖြစ်နေပြီး နောက်ဆုံးပွဲစဉ်အထိကြိုးစားရဖွယ်ရှိနေသည်။
အမ်မရီက ''ပရီးမီးယားလိဂ်ဟာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံးလိဂ်ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ တခြားလိဂ်တွေမှာ အဆင့် (၄)အတွင်းဝင်ဖို့နဲ့ ချန်ပီယံလိဂ်မှာကစားခွင့်ရဖို့ ဒီမှာလောက်မခက်ခဲပါဘူး။ အခုဆိုရင် စပိန်လာလီဂါကတော့ ပရီးမီးယားလိဂ်နဲ့နည်းနည်းတူကောင်းတူပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဗလင်စီယာအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ရုန်းကန်နေရလို့ပါပဲ။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာတော့ အသင်းကြီးတွေအပြိုင်ကစားရတာဖြစ်လို့ ပိုခက်ခဲပါတယ်'' ဟုဆိုခဲ့သည်။
ထို့ပြင် အမ်မရီက အာဆင်နယ်အသင်းကို အင်္ဂလန်တွင်သာမက ကမ္ဘာပေါ်တွင်ပါ အကောင်းဆုံးအသင်းအဖြစ်တည်ဆောက်သွားလိုကြောင်းနှင့် ယင်းအတွက် ပရိသတ်များအနေဖြင့် စိတ်ရှည်ရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။
'' ကျွန်တော်တို့အနေနဲ့ အာဆင်နယ်အသင်းကို အင်္ဂလန်မှာသာမက ကမ္ဘာပေါ်မှာပါ အကောင်းဆုံးအသင်းအဖြစ်တည်ဆောက်သွားချင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့အတွက်က လုပ်ငန်းစဉ်တွေနဲ့ တစ်ဆင့်ချင်းသွားရမှာပါ။ အဲဒီအတွက် ကျွန်တော်တို့အနေနဲ့ စိတ်ရှည်ဖို့လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားချင်ပါတယ်။ အဲဒီအတွက်ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးကြိုးစားသွားမှာပါ'' ဟုအမ်မရီက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
