အမေရိကန်တွင် ပွဲကစားရန်အသင့်ရှိဟု စီရီဇို ပြောကြား
24htopnews | October 25, 2024 5:12 AM CST
အက်သလက်တီကိုအသင်း၏ ဥက္ကဋ္ဌဖြစ်သူ စီရီဇိုက ၎င်းတို့အနေဖြင့် အမေရိကန်တွင် ပွဲကစားရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ တီဘက်စ်သည် လာလီဂါပွဲစဉ်အချို့ကို အမေရိကန်နိုင်ငံတွင် ကစားရန် စီစဉ်နေပြီး ယင်းအစီအစဉ်မှာ အကောင်အထည်ပေါ်လာဖွယ်ရှိကြောင်း သိရသည်။
လာလီဂါအဖွဲ့ချုပ်သည် ဒီဇင်ဘာ (၂၂)ရက်တွင် ကစားမည့် လာလီဂါပွဲစဉ်တစ်ပွဲဖြစ်သည့် ဘာစီလိုနာ-အက်သလက်တီကိုပွဲကို အမေရိကန်နိုင်ငံတွင် ကစားရန် သဘောတူညီမှုရထားကြောင်း သတင်းထွက်ပေါ်နေသည်။
ယခုအခါ အက်သလက်တီကိုဥက္ကဋ္ဌ စီရီဇိုက အမေရိကန်တွင် ပွဲကစားရန်အသင့်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
စီရီဇိုက ''တာဝန်ရှိသူတွေက စည်းမျဉ်းတွေ ချမှတ်ပြီး လုပ်ဆောင်ကြပါလိမ့်မယ်။ တကယ်လို့ စပိန်ဘောလုံးလောကအတွက် ကောင်းမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အသင့်ပါပဲ''ဟု ဆိုခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
