မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ရာသီပိတ်ပွဲစဉ်တွင် လက်စတာအသင်းနှင့် သရေကျရုံဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရမည်ဖြစ်သော်လည်း အနိုင်ကစားသွားမည်ဖြစ်ကြောင်း ကြုံးဝါးပြောဆိုခဲ့သည်။
ဇူလိုင် (၂၂)ရက်က ယှဉ်ပြိုင်ကစားသည့် ပွဲစဉ် (၃၇)တွင် မန်ယူအသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့ အိုးလ်ထရက်ဖို့ဒ်ကွင်း၌ တစ်ဂိုးစီသရေကျသော်လည်း ချယ်လ်ဆီးအသင်းက ချန်ပီယံ လီဗာပူးလ်ကို (၅-၃) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။
သို့ဖြစ်ရာ မန်ယူအသင်းသည် ချယ်လ်ဆီးနှင့် ရမှတ်တူ (၆၃ မှတ်)၊ ဂိုးကွာခြားချက်အသာဖြင့် တတိယနေရာရောက်ရှိသွားပြီး အဆင့် (၅)နေရာမှ လက်စတာအသင်းထက် (၁)မှတ်အသာရထားသည်။
လက်စတာနှင့် မန်ယူအသင်းသည် ရာသီပိတ်ပွဲစဉ်တွင် ထိပ်တိုက်တွေ့ဆုံနေရာ မန်ယူအသင်းအနေဖြင့် သရေကျရုံဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမည်ဖြစ်သည်။
သို့သော် ဆိုးလ်ရှားက "ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ပွဲအစပိုင်းမှာတော့ ကျွန်တော်တို့ကစားတာ ကောင်းပါတယ်။ ပထမပိုင်းမပြီးခင် ၁၀-၁၅ မိနစ်လောက်မှာ နည်းနည်းဗျာများနေခဲ့တယ်။ သူတို့ကို တန်ပြန်တိုက်စစ်ကနေ အခွင့်အရေးတွေပေးခဲ့ရပြီး ပြစ်ဒဏ်ဘောတွေလည်း ဖြစ်ခဲ့တယ်။ ပယ်နယ်တီပါပေးလိုက်ရလို့ ဒုတိယပိုင်းက ကျွန်တော်တို့အတွက် ခက်ခဲသွားပါတယ်။ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း မှာ အနားယူချိန် လုံလုံလောက်လောက်မရခဲ့ပေမယ့် တနင်္ဂနွေနေ့ပွဲအတွက် (၁ဝဝ) ရာခိုင်နှုန်း လန်းဆန်းမှုအပြည့်နဲ့ ယှဉ်ပြိုင်ကစားသွားမှာပါ။ ကျွန်တော်တို့အနေနဲ့ အခွင့်အရေးကောင်းတစ်ခု ကိုယ်တိုင်ဖန်တီးခွင့်ရထားပါတယ်။ အခုအခြေအနေအရ သရေကျရင် လုံလောက် ပေမဲ့ အနိုင်ကစားဖို့သွားမှာပါ။ နိုင်ပွဲရဖို့အတွက်ပဲ အမြဲတမ်း ပြင်ဆင်ထားပါတယ်"ဟု ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
