COVID-19 ၏ သက်ရောက်မှုကြောင့် EFL (ပရီးမီးယားလိဂ်ပြင်ပ အင်္ဂလန်အောက်တန်းလိဂ်သုံးခု) ကလပ် (၁၅)သင်းခန့် ဖျက်သိမ်းရနိုင်သည့်အခြေအနေ ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ်အနေဖြင့် အကူအညီများ ပိုမိုပေးအပ်ရန် လိုအပ်ကြောင်း ဗြိတိန်အစိုးရက အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
ယင်းအစီရင်ခံစာကို ဗြိတိန်အစိုးရ၏ ဒစ်ဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစားကော်မတီက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး COVID-19 ကြောင့် အားကစားနှင့် ယဉ်ကျေးမှုကဏ္ဍအပေါ် သက်ရောက်မှုအခြေ အနေများကို ထည့်သွင်းရေးသားထားသည်။
"ဘောလုံးစီးပွားရေးလုပ်ငန်းပုံစံ၏ လက်ရှိအခြေအနေမှာ ရေရှည်တည်မြဲရန်မဖြစ်နိုင်ပါ။ COVID-19 အကျပ်အတည်းသည် ဘောလုံးလောကရှိ ဘဏ္ဍာရေးအကျပ်အတည်းကို ပိုမိုသိသာထင်ရှားစေခဲ့သည်။ ပရီးမီးယားလိဂ်မှာ အင်္ဂလိပ်ဘောလုံး၏ ဝင်ငွေအဓိကရရှိရာနေရာဖြစ်ပြီး ၄င်းတို့အနေဖြင့် EFL ကို အကူအညီမပေးအပ်ပါက ဘာရီအသင်း (ယခုရာသီ League One ပြိုင်ပွဲတွင် ဖျက်သိမ်းခဲ့ရ) ၏ နောက်သို့ အခြားကလပ်အသင်းများစွာ လိုက်ပါရလိမ့်မည်ဖြစ်သည်"ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် ကော်မတီဥက္ကဋ္ဌဖြစ်သူ လွှတ်တော်အမတ် ဂျူလီယန်နိုက်က "အခုလောလောဆယ် ဖျက်သိမ်းရနိုင်ခြေရှိတဲ့စာရင်းမှာ စောင့်ကြည့်နေတဲ့ကလပ် (၁၀) သင်းကနေ (၁၅) သင်းရှိပါတယ်။ ဒီကလပ်တွေက EFL ကလပ်တွေဖြစ်ပြီး အသင်းစုစုပေါင်းရဲ့ (၅)ပုံ (၁)ပုံဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတစ်ဝန်းမှာရှိ တဲ့ လူမှုအသိုင်းအဝိုင်းများစွာအတွက် ဝမ်းနည်းစရာဖြစ်မယ်ဆိုတာ သေချာပါတယ်။ ဒီအခြေအနေကို ပြန်လည်စတင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုဖြစ်နေတာ နှစ်နဲ့ချီပြီးကြာနေပါပြီ။ အခုဆိုရင် EFL ကလပ်တွေဟာ ကွင်းဝင်ကြေးကနေ ဝင်ငွေမရတော့တဲ့အခါ တချို့ကလပ်တွေအနေနဲ့ အဆုံးသတ်သွားစေနိုင်တဲ့ အခြေအနေအထိ အကျိုးသက်ရောက်မှုတွေ ရင်ဆိုင်နေရပါတယ်။ သူတို့ဆီမှာ ပရီးမီးယားလိဂ်လို ပမာဏများတဲ့ ရုပ်သံစာချုပ်တွေမရှိပါဘူး" ဟု သုံးသပ်ပြောကြားသည်။
COVID-19 ကြောင့် အင်္ဂလန်နိုင်ငံတစ်ဝန်းရှိ ဘောလုံးပြိုင်ပွဲများကို (၃)လကြာ ရပ်နားခဲ့ရပြီးနောက် ဇွန်လအတွင်း ပြန်လည်စတင်ရာတွင် ပရီးမီးယားလိဂ်နှင့် EFL လက်အောက်ရှိ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲသာ ကျင်းပနိုင်ခဲ့ပြီး League One နှင့် League Two ပြိုင်ပွဲများကိုမူ ဖျက်သိမ်းခဲ့ရသည်။
ထို့ပြင် ပရီးမီးယားလိဂ်မှ လိဂ်ချန်ပီယံရှစ်သို့ တန်းဆင်းရသည့်ကလပ်များအား သုံးရာသီကြာ ငွေကြေးထောက်ပံ့သည့်အစီအစဉ်ကို ရပ်တန့် ၍ လစာထိန်းချုပ်သည့်စနစ် (Salary Cap) ကျင့်သုံးရန် တိုက်တွန်းဆွေးနွေးမှုများရှိနေသည်။
ယခုရာသီတွင် လိဂ်ချန်ပီယံရှစ်ကလပ် (၆)သင်းမှာ ပရီးမီးယားလိဂ်၏ထောက်ပံ့ငွေ ပေါင်သန်း (၄၀) ခန့်ရရှိသော်လည်း ကျန် (၁၈) သင်းမှာမူ ပေါင် (၄.၅)သန်းဝန်းကျင်သာ ရရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
