မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အင်္ဂလိပ်ဘောလုံးလောကတွင် တစ်ဦးချင်းဆုတံဆိပ်များမှာ လီဗာပူးလ်ကစားသမားများအတွက်သာ ဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ၂၀၁၇-၁၈ နှင့် ၂၀၁၈-၁၉ ရာသီများတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိခဲ့သော်လည်း အင်္ဂလိပ်ဘောလုံးလောက၏ အမြင့်ဆုံးတစ်ဦးချင်းဆုတံဆိပ်တစ်ခုဖြစ်သည့် PFA တစ်နှစ်တာအကောင်းဆုံးကို မန်စီးတီးကစားသမားများ ရယူနိုင်ခဲ့ခြင်း မရှိပေ။
၂၀၁၇-၁၈ ရာသီတွင် PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာက ရရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီတွင်လည်း ယင်းဆုကို လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က ရရှိခဲ့သည်။
ယခုရာသီအတွက် PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိရန် လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်က ရေပန်းအစားဆုံးဖြစ်နေပြီး မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနားအနေဖြင့် ယင်းဆုကို ရရှိသင့်သည်ဟု သုံးသပ်မှုများ ရှိနေသည်။
PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနှင့် ပတ်သက်ပြီး BBC သတင်းထောက်က ဂွါဒီယိုလာအား မေးမြန်းခဲ့ရာ ၎င်းက မန်စီးတီးကစားသမားအနေဖြင့် ယင်းဆုကို ရမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဂွါဒီယိုလာက "PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မန်စီးတီးကစားသမားတွေ ရမှာ မဟုတ်ပါဘူး။ လီဗာပူးလ် ကစားသမားတစ်ဦးဦး ရသွားပါလိမ့်မယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ် ဖလားရတုန်းကတောင် လီဗာပူးလ်ကစားသမားတစ်ယောက်က ဆုရခဲ့တယ်။ အခု သူတို့ ပရီးမီးယားလိဂ်ဖလားရထားတာဆိုတော့ ဒီဆုကို လီဗာပူးလ်ကစားသမားတွေပဲ ရမှာ သေချာပါတယ်။ ဒီဆုတွေက အမြဲတမ်း လီဗာပူးလ်အတွက်ပါပဲ"ဟု ပြောကြားသည်။
ပရော်ဖက်ရှင်နယ်အားကစားကလောင်ရှင်များအဖွဲ့အစည်းက ချီးမြှင့်သည့် ယခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်က မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနားကို ကျော်ကာ ရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
