အင်တာမီလန် CEO ဘက်ပေမာရော့တာက အပြောင်းအရွှေ့သတင်းများ ကျယ်ပြန့်စွာထွက်ပေါ်ခဲ့သော အသင်း၏အဓိကတိုက်စစ်မှူးဖြစ်သူ လော်တာရိုမာတီနက်ဇ်အား စာချုပ်သစ်ချုပ်ဆိုရန် စတင်ဆွေးနွေးနေပြီဟု အတည်ပြုခဲ့သည်။
အသက် (၂၂)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အား ဘာစီလိုနာအသင်းက ကာလကြာရှည်စိတ်ဝင်စားခဲ့ပြီး ခေါ်ယူရန် ကြိုးပမ်းခဲ့ကြောင်း ဥရောပမီဒီယာများက ဖော်ပြခဲ့ကြသည်။
အင်တာမီလန်အသင်းနှင့် ချုပ်ဆိုထားသည့် လော်တာရိုမာတီနက်ဇ်၏ စာချုပ်မှာ ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိနေသော်လည်း အင်တာမီလန်အသင်းက ၎င်းကို နှစ်ရှည်စာချုပ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
မာရော့တာက "ကျွန်တော်တို့ ကစားသမားများစွာနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးနေတယ်။ လူငယ်တွေက အဓိကဦးစားပေးဖြစ်ပြီး ဒီအထဲမှာ လော်တာရိုလည်း အပါအဝင်ပါပဲ။ သူက ဒီအသင်းဂျာစီကို ဝတ်ဆင်ရတာ ပျော်ရွှင်နေပါတယ်"ဟု ပြောကြားခဲ့သည်။
လော်တာရိုမာတီနက်ဇ်သည် အင်တာမီလန်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၄၂)ပွဲတွင် (၁၈) ဂိုး သွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
