ဘိုင်ယန်မြူးနစ် တောင်ပံကစားသမားသစ် ဆာနေးက အသင်းဖော် အလာဘာအား မန်စီးတီးအသင်းထံသို့ မပြောင်းရွှေ့ဘဲ အသင်း၌သာ ဆက်ကစားရန် တိုက်တွန်းခဲ့သည်။
နောက်ခံလူရှာပုံတော်ဖွင့်နေသည့် မန်စီးတီးအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်း(၁)နှစ်သာ ကျန်ရှိတော့သည့် အလာဘာအား ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ဆာနေးက "ဒေးဗစ်(အလာဘာ) ဒီမှာ ဆက်နေဖို့ မျှော်လင့်တယ်။ သူနဲ့ တွဲကစားချင်တယ်။ သူက အရမ်းကောင်းတဲ့သူပါ။ သူက ကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံလူဖြစ်ရုံမကဘဲ ဗဟိုခံစစ်မှာလည်း ထူးချွန်စွာ ကစားနိုင်သူပါ"ဟု Bild သို့ ပြောကြားခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ သြစတြီးယားနောက်ခံလူ အလာဘာသည် ဘိုင်ယန်မြူးနစ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး အသင်းအတွက် (၁၁)ရာသီအတွင်း ပြိုင်ပွဲစုံ (၃၈၂)ပွဲတွင် (၃၁) ဂိုး သွင်းယူပေးထားသည်။
အလာဘာအား ခေါ်ယူရန် မန်စီးတီးအသင်းအပြင် ဥရောပထိပ်တန်းကလပ်အသင်းများစွာက စိတ်ဝင်စားနေကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
