ဘာမင်ဂမ်အသင်းမှ ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့ခဲ့သည့် အင်္ဂလန်လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်(၁၇ နှစ်)သည် အွန်လိုင်းမှတစ်ဆင့် လူမျိုးရေးခွဲခြားမှုများ ခံနေရသည်ဟု ဖွင့်ဟခဲ့သည်။
အသက် (၁၇)နှစ်အရွယ်ရှိ အင်္ဂလန်လူငယ်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် ၂၀၁၉-၂၀ ရာသီတွင် ဘာမင်ဂမ်အသင်းနှင့်အတူ တောက်ပလာသူဖြစ်ပြီး ဒေါ့မွန်အသင်းက ၎င်းကို ပေါင် (၂၅)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ဘယ်လင်ဟမ်အနေဖြင့် ဒေါ့မွန်အသင်းထံသို့ ပြောင်းရွှေ့သွားခြင်းကို ဘာမင်ဂမ်အသင်းပရိသတ်အချို့က မကျေမနပ်ဖြစ်နေကြပြီး ၎င်းကို လူမျိုးရေးခွဲခြားဆက်ဆံခဲ့ခြင်းဖြစ်သည်။
ဘာမင်ဂမ်အသင်းအတွက် နောက်ဆုံးကစားခဲ့သည့် ပွဲအပြီးတွင် ဘယ်လင်ဟမ်သည် Twitter ၌ မက်ဆေ့ချ်တစ်ခုနှင့်အတူ ယခုကဲ့သို့ လူမျိုးရေးခွဲခြားခံနေရသည်မှာ စိတ်ညစ်စရာ ကောင်းသည်ဟု ရေးသားပို့စ်တင်ခဲ့သည်။
အဆိုပါမက်ဆေ့ချ်တွင် ဘယ်လင်ဟမ်မှာ အရည်အချင်းရှိသည်ထက် မြှောက်စားခံရသူဖြစ်ကြောင်း၊ လူမည်းများမှာ ငွေမက်သူများဖြစ်ကြောင်း စွပ်စွဲချက်များ ပါဝင်ခဲ့သည်။
ဘယ်လင်ဟမ်အား လူမျိုးရေးခွဲခြားသည့် မက်ဆေ့ချ် ပေးပို့ခဲ့သူများကို ရဲများက ရှာဖွေလျက်ရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
