မန်စီးတီးအသင်းသည် ရာသီသစ်အတွက် ပြင်ဆင်ရာတွင် ထိပ်တန်းကစားသမားသစ်(၄)ဦး ခေါ်ယူအားဖြည့်ရန် ပစ်မှတ်ထားနေသည့်အတွက် လာမည့်အပြောင်းအရွှေ့ဈေး ကွက်တွင် ပေါင်သန်း(၃ဝဝ)ခန့် အသုံးပြုဖွယ်ရှိနေကြောင်း ကတ်တလန်အခြေစိုက် Sport သတင်းစာက ဖော်ပြခဲ့သည်။
မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရသည့် ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့ပြီးနောက် နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ပေါင်သန်း(၁၅၀)ခန့် သုံးစွဲလိမ့်မည်ဟု အစောပိုင်းက သတင်းထွက်ခဲ့သော်လည်း ယခုအခါ ယင်းပမာဏ၏ (၂)ဆ အသုံးပြုလိမ့်မည်ဖြစ်ကြောင်း Sport က ဖော်ပြခဲ့ခြင်းဖြစ်သည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် အသင်း၏ခံစစ်ပိုင်းကို အဓိကအားဖြည့်ရန် ဆန္ဒရှိနေပြီး ခံစစ်အတွင်းလူနှစ်ဦး ခေါ်ယူရန် ပစ်မှတ်ထားနေသလို၊ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် ဆာနေး၏နေရာတွင် အစားထိုးရန် တောင်ပံကစားသမားတစ်ဦးနှင့် တိုက်စစ်မှူးတစ်ဦး ခေါ်ယူရန် ရည်ရွယ်နေကြောင်းလည်း Sport က ဖော်ပြခဲ့သည်။
ဂွါဒီယိုလာ ချိန်ရွယ်နေသည့် ကစားသမားများထဲ၌ နာပိုလီမှ ကူလီဘလီ၊ ဆီဗီလာမှ ဒီယေဂိုကားလို့စ်၊ အင်တာမီလန်မှ ရှကရီညာ၊ ဘိုင်ယန်မြူးနစ်မှ အလာဘာ၊ ဗလင်စီယာမှ ဖယ်ရန်တောရက်စ်၊ လေဗာကူဆင်မှ ဟာဗက်ဇ်တို့ ပါဝင်နေကြောင်းလည်း သိရသည်။
မန်စီးတီးအသင်းသည် ဖယ်ရန်တောရက်စ်ကို ခေါ်ယူရန် ကစားသမားနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိထားပြီဟုပင် သတင်းထွက်နေသော်လည်း ဟာဗက်ဇ်မှာမူ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိရန် နီးစပ်နေပြီဟုလည်း ဂျာမန်မီဒီယာအချို့က ဖော်ပြနေကြသည်။
ဘိုင်ယန်မြူးနစ်အသင်းနှင့် တရားဝင်မိတ်ဆက်ပွဲ ပြုလုပ်ခဲ့သည့် ဆာနေးကလည်း သတင်းစာရှင်းလင်းပွဲ၌ ချယ်လ်ဆီးသို့ ဟာဗက်ဇ် ရောက်ရှိမည်ဟု ထည့်သွင်းပြောကြားသွားခဲ့ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ဆာနေးကို ဘိုင်ယန်မြူးနစ်အသင်းထံ ပေါင်(၅၅)သန်းဝန်းကျင်ဖြင့် ရောင်းချထားခြင်းကြောင့်လည်း အပြောင်းအရွှေ့ဈေးကွက်၌ ပေါင်သန်း(၃ဝဝ) ခန့် သုံးစွဲနိုင်သည့်အနေအထား ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ၂၀၂၀ နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကို ဇူလိုင်(၂၇)ရက်တွင် စတင်ဖွင့်လှစ်ပြီး အောက်တိုဘာ(၅) ရက်တွင် ပိတ်သိမ်းမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
