အေစီမီလန် - အတ္တလန်တာ (မြန်မာစံတော်ချိန် ဇူလိုင် ၂၅ ရက်၊ နံနက် ၂:၁၅ နာရီ)
အေစီမီလန်အသင်းရဲ့ အမြင့်ပျံခရီးကို ထပ်ပြီးစမ်းသပ်မယ့်ပွဲမျိုးပါပဲ။ ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ချက် အားကောင်းမောင်းသန်ရှင်သန်နေတယ်ဆိုပေမယ့် အေစီမီလန် အမှားလုပ်လို့မရသေးဘူး။ အတ္တလန်တာက ချန်ပီယံလိဂ်ဝင်ခွင့်ရထားပြီး အမှတ်မလိုအပ်တော့ဘူးလို့ အပေါ်ယံတွေးနိုင်ပေမယ့် ကြိုးစားအားထုတ်ပုံ လျော့မသွားပါဘူး။ နောက်ဆုံး (၂)ပွဲမှာ အတ္တလန်တာ တိုက်စစ်ဂိုးအရနည်းနေပေမယ့် တိုက်စစ်ကစားဟန်က ထက်မြက်နေဆဲပါပဲ။ အေစီမီလန်ခံစစ်မှာ အားထားရတဲ့ ရိုမက်ဂ်နိုလီ မပါဝင်နိုင်လို့ အတ္တလန်တာရဲ့လျင်မြန်တဲ့တွဲလုံးတွေနဲ့တိုက်စစ်ကို ထိန်းချုပ်ရခက်ပါလိမ့်မယ်။ ရာသီအဆုံးသတ်ခါနီးမှာ အီဘရာဟီမိုဗစ် ခြေစွမ်းပြန်ပြနေတာ အေစီမီလန်ရဲ့ ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် အရေးပါတဲ့အချက်ဖြစ်နေပါတယ်။ နှစ်သင်းပေါင်း သွင်းဂိုးများမယ့်ပွဲဖြစ်ပြီး အေစီမီလန် မရှုံးအောင်ကစားပါလိမ့်မယ်။
■ ပွဲကြိုအထောက်အကူပြု အချက်များ
- အေစီမီလန်အသင်းသည် စီးရီးအေအိမ်ကွင်း နောက်ဆုံး (၈)ပွဲတွင် (၁)ပွဲသာရှုံးနိမ့်ထားပြီး (၅)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့သည်။
- အတ္တလန်တာအသင်းသည် စီးရီးအေအဝေးကွင်း နောက်ဆုံး (၈)ပွဲဆက်ရှုံးပွဲမရှိခဲ့ဘဲ (၅)ပွဲနိုင်၊ (၃)ပွဲသရေကျထားပြီး ပွဲတိုင်းဂိုးသွင်းနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
