လီဗာပူးလ် ၅-၃ ချယ်လ်ဆီး
လီဗာပူးလ်က သူတို့အသင်းရဲ့အိမ်ကွင်းနောက်ဆုံးပွဲကို ရာနှုန်းပြည့် အားထည့်ကစားသွားခဲ့ပြီး ချယ်လ်ဆီးအတွက်တော့ အခက်အခဲတွေအများကြီးဖြစ်ခဲ့တယ်။ ဒီပွဲမှာ လီဗာပူးလ်ရဲ့တိုက်စစ်က အကောင်းဆုံးပုံစံမရခဲ့ဘူး။ ဒါပေမဲ့ချယ်လ်ဆီးက ဂိုးတွေပေးနေရတုန်းပဲ။ ချယ်လ်ဆီးရဲ့ ကမ္ဘာ့စျေးအကြီးဆုံးဂိုးသမား ကယ်ပါက အသင်းအတွက် အရေးပါတဲ့ကာကွယ်မှုတွေ မလုပ်ပေးနိုင်ဘူး။ ချယ်လ်ဆီးခံစစ်က Set-pieces တွေကို ကာကွယ်တာညံ့ပြီး Open
Play တွေကို တားဆီးပုံစိတ်မချရဘူး။
ချယ်လ်ဆီးရဲ့နောက်ဆုံးခံစစ်လိုင်းဖြစ်တဲ့ အက်ဇ်ပီလီကွယ်တာ-ဇူးမား-ရူဒီဂါတို့ရဲ့ခံစစ်ကစားပုံညံ့ခဲ့တယ်။ ဂျော်ဂျင်ဟိုက မပြေးနိုင်ဘူး၊ မဖျက်နိုင်ဘူး။ အလွန်ဆိုက ဒီလောက်ပွဲဆက်များများကစားရင် နှေးလာတယ်။ တန်ပြန်တိုက်စစ်တွေက ထက်မြက်မှုမရှိဘူး။ ဝီလီယံရဲ့ဒီပွဲကစားပုံကလည်း အားရစရာမရှိဘူး။ ဒါပေမဲ့ (၃)ဂိုးပြန်သွင်းနိုင်ခဲ့တာကတော့ တကယ့်ကို အံ့သြစရာပဲ။ လူစားဝင်လာတဲ့ ပူလီဆစ် နဲ့ အေဘရာဟမ်တို့ သွင်းယူခဲ့ကြတာဖြစ်ပြီး အထူးသဖြင့်တော့ ပူလီဆစ်ကိုပဲ ကျေးဇူးတင်ရမှာဖြစ်ပါ တယ်။ လီဗာပူးလ်က ချယ်လ်ဆီးတိုက်စစ်ကို ရင်ဆိုင်တဲ့အပိုင်းမှာ အခက်အခဲအနည်းငယ်ရှိခဲ့ပေမယ့် ချယ်လ်ဆီးကွင်းလယ်ကို ကျော်ဖြတ်ဖို့အတွက် အခက်အခဲမရှိခဲ့ဘူး။ ချယ်လ်ဆီးခံစစ်ကို ကျော်ဖြတ်ဖို့အတွက် အခက်အခဲမရှိခဲ့ဘူး။ အဖွင့်ဂိုးက ဝီလီယံရဲ့အမှားဖြစ်ပြီး ဒီပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ ကီတာက အဝေးကန်ချက်နဲ့ (၂၃)မိနစ်မှာအဖွင့်ဂိုး သွင်းယူခဲ့တယ်။
ဒုတိယဂိုးကတော့ အာနိုးလ်ရဲ့ ဖရီးကစ်ဖြစ်ပြီး ကယ်ပါ ကာကွယ်လို့မရလောက်အောင် ကောင်းပါတယ်။ တတိယဂိုးက ထောင့်ကန်ဘောကနေ ပေးလိုက်ရတာဖြစ်ပြီး ဂျော်ဂျင်ဟိုရဲ့တုံ့ပြန်မှုနှေးနေတဲ့အတွက် ၀ိုင်နယ်လ်ဒမ်း အခွင့်အရေးရ သွားတယ်။ ပထမပိုင်းပြီးခါနီးမှာ ဂျရူးက ချေပဂိုး တစ်ဂိုးပြန်သွင်းခဲ့တယ်။ ပထမပိုင်းရလဒ်က (၃-၁) ဖြစ်ပြီး ဒုတိယပိုင်းမှာတော့ ချယ်လ်ဆီးကစားတာ ပိုကောင်းလာတယ်။ အထူးသဖြင့် လမ်းပတ်က ပူလီဆစ်၊ အေဘရာဟမ်တို့ကို ကွင်းထဲထည့်အပြီးမှာ လီဗာပူးလ်ခံစစ် ခက်ခဲတဲ့အချိန်တွေ စတင်ပါတယ်။ (၅၅)မိနစ်မှာ အာနိုးလ်ရဲ့ ဒီရာသီ (၁၃)ကြိမ်မြောက် ဖန်တီးမှုကနေ ဖေမီနို ဂိုးသွင်းခဲ့ပြီး (၆၁၊ ၇၃)မိနစ် တွေမှာ ပူလီဆစ်ရဲ့ဖန်တီးမှုကနေ အေဘရာဟမ် တစ်ဂိုး၊ ပူလီဆစ်ကိုယ်တိုင် တစ်ဂိုးသွင်းခဲ့တယ်။ ချယ်လ်ဆီး သရေမျှော်လင့်လို့ ရလာပေမယ့် ကစားအားတက်မလာဘူး။ လီဗာပူးလ်ကပဲ (၈၄)မိနစ်မှာ နောက်တစ်ဂိုးရခဲ့ပြီး ချိန်ဘာလိန်က သွင်းယူခဲ့ တယ်။ ဒီဂိုးမှာလည်း ဂျော်ဂျင်ဟိုအားနည်းခဲ့ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
