မန်ယူ ၁-၁ ဝက်စ်ဟမ်း
ဂရင်းဝုဒ်က ဒီရာသီ (၁၇)ဂိုးမြောက်ကို သွင်းယူခဲ့ပြီး မန်ယူအသင်းရဲ့သမိုင်းမှာ Most Prolific Teenager တွေဖြစ်တဲ့ ဂျော့ချ်ဘက်စ်၊ ရွန်နီတို့ရဲ့ တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးလူငယ်ကစား သမားစံချိန်ကို မီခဲ့တယ်။ ပိုပြီးအရေးပါခဲ့တာက သူသွင်းယူခဲ့တဲ့ ချေပဂိုးဟာ လက်စတာကို သရေကစားနိုင်ရုံနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာသွားခဲ့ခြင်းဖြစ်တယ်။ ဒီပွဲမှာ အံ့သြစရာကောင်းတာက ယူနိုက်တက်ရဲ့ခြေစွမ်းဟာ သိသိသာသာ ယိုယွင်းနေခဲ့ခြင်းဖြစ်ပြီး ဝက်စ်ဟမ်းကွင်းလယ်ကို မစီးနိုင်ခဲ့ဘူး။
ဝက်စ်ဟမ်းရဲ့တန်ပြန်တိုက်စစ်တွေကြောင့် အခက်အခဲတွေ့ခဲ့ပြီး တိုက်စစ်ပိုင်းကလည်း ဝက်စ်ဟမ်းခံစစ်ကို ကြီးကြီးမားမားမခြိမ်းခြောက်နိုင်ခဲ့ဘူးပဲ ပြောရမယ်။ မာစီယဲလ်ကစားတာ မဆိုးဘူး။ ဂရင်းဝုဒ်ကစားပုံလည်း မဆိုးဘူးဆိုပေမယ့် ရပ်ရှ်ဖို့ဒ်က ဘာတွေလုပ်နေမှန်းမသိတဲ့အထိ အခြေအနေဆိုးသွားတယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့နောက်ထပ် စွမ်းဆောင်ရည်ညံ့တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ပေါ့ဘာကတော့ ကွင်းထဲမှာ ဘာအရေးပါတဲ့ကိစ္စကိုမှ မလုပ်နိုင်ခဲ့ဘူး။ ပယ်နယ်တီပေးလိုက်ရခြင်းအတွက်လည်း အဓိက တာဝန်ရှိသူဖြစ်ခဲ့ပါတယ်။ ဒက်ကလန်ရိုက်ကန်သွင်းတဲ့ ဖရီးကစ်ကို ရှောင်ဖို့ ကြိုးစားရင်း လက်နဲ့ ပုတ်မိခဲ့တာဖြစ်တယ်။ အပြစ်တင်ရခက်ပေမယ့် သူ့တာဝန်မကင်းသလို ဖြစ်သွားတယ်။
ဒီပယ်နယ်တီကို နောက်ပိုင်းပွဲတွေမှာ ဝက်စ်ဟမ်းအတွက် ဂိုးတွေဆက်တိုက်သွင်းပေးနေတဲ့ အန်တိုနီယိုက ကန်သွင်းပြီး ဝက်စ်ဟမ်းအတွက် ဦးဆောင်ဂိုးအဖြစ်သွင်းယူခဲ့ပေမယ့် ဒုတိယပိုင်းမှာ မန်ယူချေပဂိုးပြန်သွင်းခဲ့တယ်။ တစ်ပွဲလုံးမှာ စွဲမက်စရာအကောင်းဆုံးတွဲလုံးတွေနဲ့ သွင်းယူခဲ့တဲ့ဂိုးဖြစ်ပြီး မာစီယဲလ်ရဲ့ဖန်တီးမှုကနေ ဂရင်းဝုဒ်က (၅၁)မိနစ်မှာ သွင်းယူခဲ့ခြင်းဖြစ်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
