မေ၂၅ ရက်က အိန္ဒိယနိုင်ငံတွင် ပုဂ္ဂလိက ကျောင်းတစ်ကျောင်း၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် ကျောင်းသား ၂၀ သေဆုံးသွားခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
သေဆုံးသူ အချို့သည် မီးလောင်ခံရမှုမှ လွတ်မြောက်ရန် အဆောက်အအုံမှ ခုန်ချရာမှတစ်ဆင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
နိုင်ငံအနောက်ပိုင်း ဆူရတ်မြို့တွင် စီးပွားရေး အဆောက်အအုံ တစ်ခုပေါ်၌ တရားမဝင် ဖွင့်လှစ်ထားသည့် ကျူရှင်တစ်ခုတွင် စာမေးပွဲအတွက် ပြင်ဆင်နေကြသည့် အမျိုးသမီးငယ် ၁၆ ဦးသည် သေဆုံးသူများထဲတွင် ပါဝင်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။ သေဆုံးသူများအနက် ငါးဦးသည် ၎င်းတို့၏ တက္ကသိုလ်ဝင်ခွင့် ရမှတ်များကို မေ ၂၅ ရက်တွင် သိရှိခဲ့ရပြီး ဂုဏ်ထူးမှတ်များ ရရှိခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
သေဆုံးခဲ့သူများသည် အလွန်အမင်း မီးကူးလွယ်သော ပလတ်စတစ် အမိုးအောက်တွင် ရှိနေခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှုက ထုတ်ပြန်ခဲ့သည်။ မီးလောင်မှု ဖြစ်ပွားခဲ့သည့် အချိန်တွင် စာသင်ခန်း၌ ကျောင်းသား ၅၀ ကျော် ရှိနေခဲ့ပြီး သေဆုံးခဲ့သူများသည် အသက် ၁၅ နှစ်နှင့် ၂၂ နှစ်အကြား ရှိသူများ ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ရဲတပ်ဖွဲ့က ထိုကျောင်းမှ ပိုင်ရှင်သုံးဦးအား လူသတ်မှု မမြောက်သော လူသေဆုံးစေမှု အပါအဝင် စွဲချက်များ စွဲဆိုခဲ့သည်။
Ref : AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
