အိမ်နီးချင်းဗြိတိန်က ဥရောပသမဂ္ဂမှ ထွက်ခွာရန် ကြိုးပမ်းမှု ကသောင်းကနင်း ဖြစ်နေချိန်တွင် အိုင်ယာလန်က ဥရောပ ပါလီမန်ရွေးကောက်ပွဲကို မေ ၂၄ ရက်တွင် ကျင်းပခဲ့သည်။ ဥရောပတိုက်တစ်ဝန်းတွင် ဥရောပသမဂ္ဂ ဆန့်ကျင်ရေးဝါဒီများက ပို၍ အားကောင်းလာရန် မျှော်လင့်ထားသော်လည်း မေ ၂၃ ရက်က ဒတ်ချ်ရွေးကောက်ပွဲတွင် ဥရောပသမဂ္ဂလိုလားသည့် ပါတီများက မမျှော်လင့်ဘဲ အနိုင်ရဖွယ်ရှိနေကြောင်း ရွေးကောက်ပွဲပြီးနောက် စစ်တမ်းများက ဖော်ပြခဲ့သည်။
ဗြိတိန်နှင့် နယ်သာလန်မှစ၍ ဥရောပပါလီမန်သစ်အတွက် ရွေးကောက်ပွဲများကို မေ ၂၃ ရက်မှစပြီး လေးရက်ကြာ ကျင်းပခဲ့သည်။ ဥရောပပါလီမန်အမတ် ၇၅၁ ဦးကို ရွေးချယ်ရန် မဲပေးရန် အရည်အချင်းပြည့်မီသူ သန်း ၄၀၀ ကျော်က မဲပေးရွေးချယ်ကြ မည်ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံ ၂၈ နိုင်ငံစလုံးတွင် မဲပေးမှုပြီးနောက် မေ ၂၆ ရက် နှောင်းပိုင်းတွင် ကနဦးရလဒ်များကို ထုတ်ပြန်မည်ဖြစ်သည်။
ချက်ရီပတ်ဘလစ်ကလည်း မေ ၂၄ ရက်တွင် နှစ်ရက်ကြာ ရွေးကောက်ပွဲစတင် မည်ဖြစ်သည်။ ကျန်နိုင်ငံအများစုသည် မေ ၂၆ ရက်တွင် ဥရောပပါလီမန်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။ ဗြိတိန်သည် ဥရောပပါလီမန် ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်ရန် ရည်ရွယ်မထားခဲ့သော်လည်း နုတ်ထွက်သွားသည့် ဝန်ကြီးချုပ် မေက မတ် ၂၉ ရက်တွင် Brexit ကို ရွှေ့ဆိုင်းခဲ့ပြီးနောက် ရွေးကောက်ပွဲ၌ ဗြိတိန်တို့ မဲပေးခဲ့ခြင်းဖြစ်သည်။ ဗြိတိန်အုပ်ချုပ်သော မြောက်အိုင်ယာလန်နှင့် နယ်စပ်၏ အနာဂတ် ပြဿနာကြောင့် အိုင်ယာလန်တွင် Brexit အရေးက အဓိက ဖြစ်နေခဲ့သည်။ ဥရောပနှင့် ဆက်ဆံရေး ပိုမိုခိုင်မာရန် အဓိက ပါတီများက မဲဆွယ်နေကြသည်။
ဥရောပဆန့်ကျင်ရေးဝါဒီ နိုင်ဂျယ်ဖာရက်က ဗြိတိန်၏ ဥရောပပါလီမန် ရွေးကောက်ပွဲတွင် အောင်ပွဲခံဖွယ်ရှိသည်။ ဥရောပ၏ အများကြိုက်ဝါဒီတို့ ခေါင်းထောင်လာမှုကို ဆန့်ကျင်ကြရန် ဥရောပလိုလားသော ခေါင်းဆောင်များက စည်းရုံးနေကြသည်။ ပြင်သစ်၊ အီတလီ၊ ဟန်ဂေရီနှင့် အခြားနိုင်ငံအများစုတွင် အမျိုးသားရေးဝါဒီပါတီများက ဦးဆောင်နေကြောင်း လူထုသဘောထား စစ်တမ်းများက ဖော်ပြထားသည်။
ဥရောပဆန့်ကျင်ရေးဝါဒီတို့က ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက်များကို ကမောက်ကမဖြစ်စေခဲ့ပြီး ဥရောပကောင်စီ၏ ကြိုးပမ်းမှုများအား ခြိမ်းခြောက်မည်ကို ဥရောပခေါင်းဆောင်များက စိုးရိမ်နေကြသည်။ အီတလီတွင် ရွှေ့ပြောင်း အခြေချဆန့်ကျင်သူ League ၏ ခေါင်းဆောင် မက်တီယိုဆာဗီနီ နှင့် ပြင်သစ်၏ လက်ယာစွန်းအမျိုးသားရေးဝါဒီ မာရင်းလီပင်းတို့က ဥရောပသမဂ္ဂတွင် ၎င်းတို့၏ မဟာမိတ်အင်အားစုသည် တတိယအကြီးဆုံးဖြစ်လာရန် လိုလားနေသည်။
အီတလီတွင် The League က ဦး ဆောင်နေပြီး ပြင်သစ်တွင် လီပင်း၏ National Rally (RN) က မက်ခရွန်၏ အလယ်အလတ်ဝါဒီပါတီ Republic on the Move (LREM) ကို အနည်းငယ် အသာရခဲ့သည်။ သို့သော်လည်း စပိန်နှင့် ဆိုဗီယက်ပြည်ထောင်စုဝင်ဟောင်း ဘော်လ်တစ်နိုင်ငံများ၌ ဥရောပသမဂ္ဂကို ထောက်ခံသူများက အားကောင်းနေသည်။ ဂျာမနီတွင် ဝန်ကြီးချုပ် အင်ဂျလာမာကယ်၏ CDU ပါတီက ဦးဆောင်နေပြီး ဂရင်းပါတီက ဒုတိယလိုက်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
