ရုရှားတွင် မြောက်ကိုရီးယား စစ်သား ၃၀၀၀ ထက်မနည်း လေ့ကျင့်မှု ခံယူနေကြောင်း အမေရိကန် အစိုးရတွင် သက်သေ အထောက်အထားများ ရှိသည်ဟု သမ္မတဘိုင်ဒန်အစိုးရ၏ အရာရှိများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီး အဆိုပါ တပ်ဖွဲ့ဝင်များသည် ယူကရိန်းစစ်မြေပြင်တွင် တရားဝင် စစ်ရေး ပစ်မှတ်များ ဖြစ်လာလိမ့်မည်ဟု အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီယာဘီကပြောသည်။
“ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ကျွန်တော်တို့ ကြိုမြင်ကြိုသိနေပါတယ်။ ပြီးတော့ ယူကရိန်းနိုင်ငံသားတွေ အပါအဝင် ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ မိတ်ဖက်တွေနဲ့လည်း အဲဒီကိစ္စနဲ့ပတ်သက်လို့ ဘာတွေ ဆက်ဖြစ်မလဲ၊ ဘယ်လိုကိုင်တွယ်ကြမလဲ ဆိုတာကို ဆွေးနွေးသွားမှာပါ။ ဒီမြောက်ကိုရီးယားတပ်တွေကို ယူကရိန်းကို တိုက်ခိုက်ရာမှာ ထည့်သုံးမယ်ဆိုရင်တော့ သူတို့ဟာ တရားဝင်စစ်ရေးပစ်မှတ်ဖြစ်လာလိမ့်မယ်” ဟု အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီယာဘီ က အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။
ယူကရိန်းတိုက်ပွဲများတွင် မြောက်ကိုရီးယားစစ်သားတို့ ပါဝင်လာမည်ဆိုခြင်းကိုမူ အမေရိကန်အစိုးရက အတိအကျ မသိရသေးကြောင်းကို သူက ထပ်ခါတလဲလဲ ပြောဆိုခဲ့သော်လည်း ထိုသို့ပြုလုပ်လျှင်မူ ဆိုးရွားသောနောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်လာနိုင်သည်ဟု သတိပေးခဲ့သည်။
ထောက်လှမ်းရေးသတင်းအသစ်များကို ကိုးကား၍ မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၃,၀၀၀ ထက်မနည်းတို့သည် စစ်ပွဲတွင် ပါဝင်မည်ဆိုသည်ကို မသိရသေးသော်လည်း တိုက်ခိုက်ရေး လေ့ကျင့်မှုများ ရုရှားတွင် ပြုလုပ်နေသည်ဟု သမ္မတဘိုင်ဒန်အစိုးရ၏ အရာရှိများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
