၁၈ မိုင် ဆရာတော် ပြည်ပသာသနာပြုခရီးစဉ် ကြွ
24htopnews | October 25, 2024 11:12 AM CST
၁၈ မိုင် တောရစခန်း နာယက ဆရာတော် ဒေါက်တာ အရှင်စကြာဝဋ္ဌာသည် နောက်ပါ သံဃာ(၃)ပါးနှင့်အတူ အိန္ဒိယနိုင်ငံနှင့် ဘူတန်နိုင်ငံများသို့ (၈)ရက်ကြာ ပြည်ပသာသနာပြုခရီးစဉ်အဖြစ်အောက်တိုဘာ(၂၃)ရက် ညနေပိုင်းက MNA လေကြောင်းလိုင်းဖြင့် ကြွရောက်ထွက်ခွာသွားကြောင်း သိရသည်။
ဆရာတော်နှင့်အတူ တရားစခန်းပွဲတက်ရောက်ရန် လူပုဂ္ဂိုလ်ယောဂီ (၇၁)ဦး လိုက်ပါသွားပြီး အောက်တိုဘာ (၂၄)ရက် အာရုဏ်တက်မှ စ၍ ဗုဒ္ဓဂါယာတွင် တရားစခန်းကို (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် အောက်တိုဘာ (၂၇)ရက်တွင် ကာလကတ္တားမှ တဆင့် ဘူတန်နိုင်ငံသို့ ဆက်လက်ကြွချီကာ တရားပြသမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ အောက်တိုဘာ (၃၁)ရက် ညပိုင်းတွင် ပြန်လည်ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
