Top News

တာမွေမြို့နယ်ရှိ ကွန်ဒိုအဆောက်ဦးသစ် ဓါတ်လှေခါး မတော်တဆချို့ယွင်းမှုဖြစ်ကာ ဓါတ်လှေခါးထဲ ပိတ်မိနေသော (၆)ဦးကို အချိန်မီ ကယ်ထုတ်နိုင်ခဲ့
24htopnews | October 25, 2024 12:12 PM CST

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး (ခ)ရပ်ကွက် (၁၆၅) လမ်းရှိ CONDO အဆောက်ဦးသစ်၏ ဓါတ်လှေခါး မတော်တဆချို့ယွင်းမှုဖြစ်ကာ ဓါတ်လှေခါးထဲ ပိတ်မိနေသော (၆)ဦးကို အချိန်မီ ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာမူဆလင်လူမှုကူညီရေးအသင်း(တာမွေ)မှ သိရသည်။

ယမန်နေ့ အောက်တိုဘာ (၂၄)ရက်၊ ည (၁၀)နာရီအချိန်ခန့်က အဆိုပါ ကွန်ဒိုတွင် ဓါတ်လှေခါး မတော်တဆချို့ယွင်းမှုဖြစ်ကာ ဓါတ်လှေခါးအတွင်း လူများ ပိတ်မိနေကြောင်း သတင်းအရ တာမွေမြို့နယ်မီးသတ်စခန်း(ရန်ပိုင်၂)နှင့် မြန်မာမူဆလင်လူမှုကူညီရေးအသင်း(တာမွေ)တို့မှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“စုစုပေါင်း (၆) ဦး ပိတ်မိနေတာ။ တာမွေမြို့နယ်မီးသတ်စခန်း(ရန်ပိုင်၂)ကို အကြောင်းကြားပြီး ကွန်ဒိုကို သွားရောက်စောင့်ကြည့်ပေးခဲ့တယ်။ ပိတ်မိနေသူတွေကို ကယ်ထုတ်ခြင်းလုပ်ငန်းစဉ်မှာ ပူးပေါင်းကူညီ ကယ်ထုတ်ပေးခဲ့ပါတယ်။”ဟု အသင်းက ဆိုသည်။ 

အဆိုပါ ဓါတ်လှေခါးအတွင်း ပိတ်မိနေသူများတွင် အမျိုးသား(၂)ဦး၊ အမျိုးသမီး (၃)ဦး မိန်းကလေးငယ်(၁)ဦး စုစုပေါင်း (၆) ဦး ပိတ်မိနေခဲ့ရာ တာမွေမြို့နယ်မီးသတ်စခန်းနှင့် မြန်မာမူဆလင်လူမှုကူညီရေးအသင်း(တာမွေ)တို့မှ အချိန်မီ ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK