ဧရာဝတီတိုင်းဒေသကြီးတွင် ပုဇွန်နှစ်ကောင်တံဆိပ်ပါ စားသုံးဆီ မရောင်းချရန် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ သတိပေးမှုများရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ ပုဇွန်နှစ်ကောင်တံဆိပ်ပါ စားသုံးဆီသည် တရားမဝင်တင်သွင်းလာသည့်အတွက် ရောင်းချခြင်းမပြုရန် သတိပေးခဲ့သလို စားအုန်းဆီကိုလည်း သတ်မှတ်ဈေးနှုန်းထက် ဈေးတင်မရောင်းချရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
” အဲဒီပုစွန်နှစ်ကောင်ဆီက တရားမဝင်တင်သွင်းလာတာလို့ပြောတယ်။ အခုကတော့ သတိပေးတာလောက်ပဲလုပ်တယ်။ နောက်ရောင်းချတာ တွေ့ရင်အရေးယူမယ်ပြောတယ်။ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က လိုက်စစ်ဆေးတာပါ။ တချို့ဆိုင်တွေမှာကတော့ ရောင်းနေသေးတယ်”ဟု ဧရာဝတီတိုင်းရှိ စားသောက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးကပြော သည်။
အောက်တိုဘာ (၂၂)ရက် မှစတင်ကာ ဧရာဝတီတိုင်းရှိကျောင်းကုန်း၊ ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံ၊ ရေကြည်၊ ငပုတော၊ အိမ်မဲ၊ ကျုံပျော် စသည့်မြို့နယ်များရှိ စားသောက်ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်များကို ပုဇွန်နှစ်ကောင်တံဆိပ်ပါသည့် စားသုံးဆီ ရောင်းချခြင်းရှိမရှိစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် စားသုံးဆီများ၌ သတ်မှတ်ချက်စံနှုန်းနှင့် ကိုက်ညီမှုမရှိသော ပြည့်ဝဆီများ ဖြစ်သည့် ဆာကူရာတံဆိပ်၊ Golden Oil တံဆိပ်၊ တံငါသည်တံဆိပ်၊ ပုဇွန်တစ်ကောင်၊ ပုဇွန်နှစ်ကောင်တံဆိပ်၊ ငါးကြော်တံဆိပ် အစရှိသော စားသုံးဆီများကို ယခင်ကတည်းက ရောင်းချခြင်းမပြုရန် တားမြစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ကုန်သွယ်မှုတွင်တရားမဝင်ပြုလုပ်နေခြင်းများကိုအားပေးခြင်းသည် အခွန်ဆောင်နေသော တရားဝင် ကုမ္မဏီများ နစ်နာပြီး ရေရှည် ရပ်တည် နိုင်မှုကို စိန်ခေါ်ခံနေရခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
