ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူ (၂,၅၀၀) ဦးအတွက် စားသောက်ရေးအဆင်ပြေစေရန် ထမင်းဗူးနှင့် သောက်ရေသန့်များကို ယနေ့အောက်တိုဘာ (၂၅)ရက်နှင့် (၂၆)ရက်တွင် ဆက်တိုက် ထောက်ပံ့လှူဒါန်းသွားရန်ရှိကြောင်း ဝန်းရံမှူး လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးထွန်းမြတ်ညွှန့်က ပေါ်ပြူ လာနယူးစ်သို့ ပြောသည်။
“ရေကတော့ ကျနေပါပြီ။ အချို့ရပ်ကွက်တွေကတော့ ရေနည်းနည်းကျန်နေသေးတာပေါ့။ အကိုတို့ အစီအစဉ်က လူဦးရေ (၁၅၀၀)စာလှူဖို့ရှိတယ်။ တစ်ဘက်အသင်းကလည်း လှူချင်တယ်ဆိုတော့ လူဦးရေ (၂၅၀၀)ကို နှစ်ရက်ဆက် လှူမှာပေါ့”ဟု ၎င်းက ရှင်းပြသည်။
ယမန်နေ့ အောက်တိုဘာ (၂၄)ရက်တွင်လည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်အတွင်း ရေဘေးကြောင့် ချက်ပြုတ်စားသောက်ရန် မလွယ်ကူသည့် လူဦးရေ (၆၀၀)ခန့်အတွက် အဖြူရောင်ကမ်းလက် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ ထမင်းဟင်းများ၊ ရေသန့်ဗူးများနှင့် အားဆေးများအား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ယခုလ အောက်တိုဘာ (၁၉)ရက်၌ စတင်ရွာသွန်းခဲ့သော မိုးရေချိန်ကြောင့် ဒဂုံမြို့သစ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းမြို့နယ်များရှိ ဒေသခံပြည်သူများ ရေဘေးသင့်ခဲ့ရခြင်းဖြစ်သ ည်။
ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်အတွင်းရှိ အမှတ် (၂၉) ရပ်ကွက်အပါအဝင် အခြားမြေနိမ့်ပိုင်းရပ်ကွက်များ ရေကြီးရေလျှံဖြစ်ပွားခဲ့ခြင်းကြောင့် ဘေးလွတ်ရာသို့ ရက်ပိုင်းမျှ သွားရောက် ခိုလှုံခဲ့ရသေးသည်။







-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
